ဖရဲသီးတင်ပို့မှု အနည်းငယ်ပိုမို

မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၈သန်း တန်ဖိုးရှိ ဖရဲသီး ၈၄၂၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန် ၈၄၀ဝ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ၂၉တန် ပိုမို တင်ပို့ခဲ့တာ တွေ့ရပါ တယ်။]]ဖရဲသီးဈေးတွေ ကျနေရတဲ့ အကြောင်းရင်းမှာ ရောင်းလိုအားက ဝယ်လိုအားထက် ပိုများနေတာရယ်၊ အရည် အသွေး ပိုင်းလိုအပ်ချက် ရှိနေတာ ရယ်၊ တရုတ်ပြည်ဘက်မှာ ဖရဲတွေ လှိုင်လှိုင်ပေါ်နေတာရယ်ကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖရဲသီးစို က်ဒေသတွေထဲက ငါးဆူတောင်၊သာယာ ကုန်း၊ ချောင်းဦး၊ မုံရွာ၊ ကျောက်ဆည်ဘက်က အသီးတွေ ဝင်နေသလို ရှမ်းပြည်နယ်မှာစိုက်တဲ့ အသီး တွေလည်း ဝင်နေပါတယ်}}လို့ မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှသိရပါတယ်။
မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General