လယ်သမားအကျိုးစီးပွားမြှင့်တင်ရေးအတွက် ပြည်ပသို့စပါးတင်ပို့ခွင့်ပြုရန် ဆောင်ရွက်နေ ယခင်တစ်ပတ်မှအဆက်

ဒီနှစ်ဇူလိုင်လအတွင်းက ဖိလစ်ပိုင်နိုင်ငံက ဆန်တန်ချိန်သုံးသိန်း ဝယ်ယူမယ်လို့ ကမ်းလှမ်း ခဲ့ပြီး ဆန်အဝယ် တင်ဒါခေါ်ယူရာမှာ မြန်မာနိုင်ငံ ဟာဖိလစ်ပိုင်နိုင်ငံကပေးတဲ့နိုင်ငံတကာပေါက်ဈေးနဲ့ယှဉ်ပြိုင်နိုင်ခြင်းမပြုနိုင်တဲ့အတွက်ကမ္ဘောဒီးယားနိုင်ငံကအဲဒီတင်ဒါကိုရရှိသွားခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့တရုတ်နိုင်ငံကိုဆန်တင်ပို့ရောင်းချနေရတယ်ဆိုပေမယ့်လည်းတရားမဝင်တင်ပို့ရောင်းချနေရသလိုတရုတ်နိုင်ငံကသတ်မှတ်ထားတဲ့AQSIQစံသတ်မှတ်ချက်တွေအတိုင်းသတ်မှတ်ထားတဲ့အရည်အသွေးနဲ့အညီမတင်ပို့နိုင်တဲ့အတွက်ယ်စပ်ဖြတ်ကျော်တင်ပို့ရာမှာအခက်အခဲတွေရှိနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်၂၀၁၅ခုနှစ်ကာလတူကထက်တန်ချိန်နှစ်သိန်းကျော်လျော့နည်းတင်ပို့ခဲ့ရပြီးတန်ချိန်ငါးသိန်းကျော်သာတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ယခုကာလအချိန်ဟာမြန်မာနိုင်ငံမှာစပါးသစ်ပေါ်နေချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ကောက်စောစပါးပေါ်ချိန်ဟာတစ်ဖက်နိုင်ငံရဲ့သီးနှံဈေးကွက်ဖြစ်ပေါ်ချိန်ရာသီနဲ့ကိုက်ညီနေတာကိုတွေ့ရပါတယ်။ဒါ့အပြင်စပါးဟာကြာရှည်အထားခံတဲ့ ကုန် ပစ္စည်းဖြစ်သလို တစ်ဖက်နိုင်ငံမှာ အဆင့်မီကြိတ်ခွဲ နိုင်တဲ့ ဆန်စက်တွေ ရှိတဲ့အတွက် တစ်ဖက်နိုင်ငံက ကုန်သည်တွေဟာ ဆန်ထက် စပါးကိုပိုပြီးဝယ်ယူချင်တာတွေ့ရပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရကောက်စောစပါးပေါ်ချိန်မှာစပါးဈေးကျဆင်းနေချိန်နဲ့ရင်ဆိုင်နေရတာကြောင့်ပါးစိုက်ပျိုးသူတောင်သူတွေဟာအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။အဲဒီလိုတောင်သူတွေရဲ့ အခက်အခဲတွေအပြင်ပြည်ပဆန်တင်ပို့မှုလျော့နည်းကျဆင်းမှုကိုပါပေါင်းစပ်ညှိနှိုင်းနိုင်ဖို့အတွက်အောက်တိုဘာ၂၉ရက်ကရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာနရုံးတွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်နဲ့မြန်မာနိုင်ငံဆန်စက်လုပ်ငန်း ရှင်များအသင်းမှတာဝန်ရှိသူများ၊မြန်မာနိုင်ငံဆန်စပါးတင်ပို့ရောင်းချသူများအသင်းမှတာဝန်ရှိသူများ၊မူဆယ်နယ်စပ်ပဲပြောင်းနှမ်းကုန်စည်ဒိုင်နှင့်မူဆယ်ဆန်တင်ပို့ရောင်းချသူများ အသင်းမှတာဝန်ရှိသူများတွေ့ဆုံပြီးညှိနှိုင်းခဲ့ကြပါတယ်။အဲဒီအစည်းအဝေးမှာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးက လောလောဆယ်တွင် တောင်သူလယ် သမားများရဲ့ အကျိုးစီးပွားအတွက် အခက်အခဲဖြစ်နေသည့်ကိစ္စများအားအချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးရန်လိုအပ်ကြောင်း၊ယင်းသို့ဆောင်ရွက်ရာတွင်တာဝန်ရှိသူများအနေဖြင့်လုပ်သင့်လုပ်ထိုက်သည့်ကိစ္စရပ်များအားသက်ဆိုင်ရာအသင်းအဖွဲ့များနှင့်ညှိနှိုင်းပြီးနိုင်ငံတော်၏လမ်းညွှန်ချက်အရဆောင်ရွက်သွားမှာဖြစ်ကြောင်းဆွေးနွေးခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲကိုတက်ရောက်လာကြတဲ့လုပ်ငန်းရှင်အများစုကလည်းပြည်ပဈေးကွက်ရှိတဲ့စပါးတင်ပို့ခွင့်ကိုစမ်းသပ်ခွင့်ပြုရန်၊ခွင့်ပြုမယ့်ကာလကို အချိန်အတိုင်းအတာတစ်ခုအထိ ကန့် သတ်ခွင့်ပြုရန်၊အစိုးရအနေဖြင့်အရန်ဆန်ဝယ်ယူရေးနည်းလမ်းကိုလည်းအသုံးပြုရေးအတွက်စဉ်းစားပေးရန်၊ ပြည်ပသို့တင်ပို့မှုများအတွက်LCFinancingကိုလည်းသက်ဆိုင်ရာများကဆောင်ရွက်ခွင့်ပြုပေးရန်၊စပါးတင်ပို့မှုကိုကန့်ကွက်သည့်အဖွဲ့ရှိပါက၎င်းအဖွဲ့ကအခြေခံဈေးနှုန်းတစ်ခုသတ်မှတ်ပေးပြီးတောင်သူများထံမှဝယ်ယူပေးရန်၊စပါးအထွက်နှုန်းတိုးမြှင့်ရေးဆောင်ရွက်ပေးရန်၊ထုတ်လုပ်မှုကုန်ကျ စရိတ်လျှော့ချရေးဆောင်ရွက်ပေးရန်၊ပို့ကုန်အပေါ်ဝင်ငွေခွန်ကောက်ခံခြင်းအားပို့ကုန်တိုးမြှင့်ရေးအတွက်ပယ်ဖျက်ပေးရန်နှင့်နှစ်ချုပ်အခွန်မှသာစုစည်း ကောက်ခံပေးရန် အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြပါတယ်။
ယင်းဆွေးနွေးပွဲဟာ တောင်သူလယ်သမား များ အကျိုးဖြစ်ထွန်းစေရေး၊  ပြည်ပပို့ကုန်တိုးမြှင့် ရေး၊ တောင်သူများ ဆောင်းသီးနှံအချိန်မီ စိုက်ပျိုး နိုင်ရေး၊မိုးစပါးထွက်ရှိရာတွင်ဈေးနှုန်းကျဆင်းမှုကြောင့်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက်ဈေးကွက်ရှိတဲ့ပြည်ပနိုင်ငံများသို့စပါးတင်ပို့မှုအားညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ယခင်အစိုးရများလက်ထက်ကလည်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ စပါးများ တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General