ကမ္ဘာ့ရွှေဈေးမြင့် တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါမြင့် တက်

ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ ပါ လိုက်ပါမြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကတည်းက မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေး သည်ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ပြီးခဲ့ သည့်ရက်သတ္တပတ်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၉၈ ကျပ်အထိ မြင့်တက်ခဲ့ပြီး ပြန်လည်ကျဆင်းခဲ့သည်။]]ပြီးခဲ့တဲ့တစ်ပတ်က ကမ္ဘာ့ရွှေဈေးကသိပ်မတက်ပေမယ့် ပြည်တွင်းက ငွေ လဲနှုန်းက တော်တော်လေးကို လိုက်တက်လာတော့ ပြည်တွင်းရွှေဈေးတွေပါလိုက် ပြီးတက်လာတယ်။ ဒီတစ်ပတ်ကျတော့ ပြည်တွင်းငွေလဲနှုန်းက ပြန်ကျလာပေမယ့် ကမ္ဘာ့ရွှေဈေးက လိုက်ပြီးတက်လာတော့ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်ရ တာပါ}}ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ပြည်တွင်းရွှေဈေးသည် အောက်တိုဘာ ၃၁ ရက်က အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၈၇၈၅၀ဝ ရှိခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင် ကျပ် ၈၈၅၀ဝဝသို့ မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၃၁ ရက်က ၁၂၇၇ ဒေါ်လာသာရှိခဲ့ရာ မှ နိုဝင်ဘာ ၃ ရက်တွင် အမေရိကန်ဒေါ်လာ ၁၃၀ဝ သို့ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ၁၃၀၄ ဒေါ်လာသို့ ဆက်လက်မြင့်တက်ခဲ့သည်။        
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General