အခြားနယ်များမှ အဆွဲသန်လို့ ပြည်ပွဲရုံသို့ ဝင်ရောက်တဲ့ ကြက်သွန်ဖြူ ဈေးမြင့်

ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်မှာကြက်သွန်ဖြူအိတ်တွေပုံမှန်အဝင်ရှိပြီးဈေးအနည်းငယ်ကျလာခဲ့ပေမယ့်ယခုနိုဝင်ဘာပထမပတ်ထဲမှာတော့ ကြက်သွန်ဖြူဈေးမြင့်တက်ကာအရောင်းအဝယ်ပြန်အေးသွားတာတွေ့ရပါတယ်။ယခုနှစ်အတွင်းစားဖိုဆောင်သီးနှံတွေဈေးနှုန်းတည်ငြိမ်မှုမရှိသလို ဈေးကစားတာ တွေလည်းဖြစ်ပေါ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စုံတို့မှ ဝယ်လိုအား အလျော့၊ အတင်းပေါ်မူတည်ပြီးမှ ဝင်ရောက်မှုရှိတာကြောင့် ဈေးကွက်မငြိမ်တာ ဖြစ်ပါတယ်။ယခုတစ်ပတ်မှာလည်း တရုတ်ငွေကြေးဈေးမကိုက်မှုနှင့် ကျိုင်းတုံ၊ တာချီလိတ်၊ ထိုင်းနိုင်ငံတို့ဘက်မှ အဆွဲများနေတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူ (ပြည်ပွဲရုံဈေး) တစ်ပိဿာလျှင် (ကြူကုတ်စ) ကျပ် ၄၇၀ဝ၊ (လက်လီ) ကျပ် ၅၂၀ဝ တို့ဖြစ်ပြီး(ရှမ်းစ) တစ်ပိဿာ(ပွဲရုံဈေး) ကျပ် ၄၃၀ဝ၊ (လက်လီ) ကျပ် ၄၆၀ဝ ဈေးတို့ ဖြစ်ပါတယ်။ ကြက်သွန်ဖြူတစ်ပိဿာပေါ်တွင် ရက်သတ္တပတ်အတွင်း ကျပ် ၅၀ဝ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်းအဝယ်အနေနဲ့ အေးလာတာတွေ့ရပါတယ်။
                                     နီနီဝင်း

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General