Invoiceတွင်ပါဝင်သော အချက်များအား ပြည့်စုံစွာ ဖော်ပြပေးခြင်းဖြင့် MACCS စနစ် အကောင်ထည်ဖော်မှုကိုအထောက်အကူပြုနိုင်

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှစ၍ ASEAN  SINGLE WINDOW (ASW) အထောက်အကူပြု အကောက်ခွန် ရှင်းလင်း ရေးကိစ္စရပ်များအား Myanmar Automate Cargo Clearance System (MACCS)စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစနစ်တွင် ကုန်သွယ်ရေးဦးစီးဌာနမှ Electronic Data  များဖြင့် ပေးပို့ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ပေးသွား ရမည် ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင်  CMP  (အထည်ချုပ်) သွင်း ကုန်လိုင်စင်များတွင် ကုန်ပစ္စည်း အမယf (Item)  များပြားမှုနှင့် ရေတွက်ပုံ (Unit Code) သုံးစွဲမှုများပြားခြင်းကြောင့် လိုင်စင်လျှောက်ထားမှုများကို လက်ခံ ဆောင်ရွက်ပေးရာတွင်ပစ္စည်းစာရင်းအသေးစိတ်ကို နောက်ဆက် တွဲစာရင်းဖြင့် ဆောင်ရွက်ပေး နေရပါသည်။ ယင်းသို့ ဆောင်ရွက်နေခြင်း သည် MACCS စနစ်၌ လိုင်စင်လျှောက်ထားမှု၏ လုံးပေါင်းငွေတန်ဖိုး ကိုသာဖော်ပြပြီးပစ္စည်းတစ်ခုချင်းအသေးစိတ်စာရင်းနှင့်အသေးစိတ်ငွေတန်ဖိုးစာရင်းအားဖော်ပြပေးနိုင်ခြင်းမရှိသဖြင့်MACCSစနစ်ကိုအကောင်အထည်ဖော်ရန်အတွက်အခက်အခဲဖြစ်ပေါ်နေပါသည်။မကြာမီရက်ပိုင်းအတွင်းMACCSစနစ်အားမဖြစ်မနေစတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်ရာ  CMP စနစ်ဖြင့် လိုင်စင်လျှောက် ထား ဆောင်ရွက်နေသူများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်လိုင်စင်လျှောက်ထားနေသောကုမ္ပဏီများအနေဖြင့်ယခင်ကကဲ့သို့နောက်ဆက်တွဲစာရင်းဖြင့်လိုင်စင်လျှောက်ထားမှုကို လက်ခံ တော့ မည် မဟုတ်ဘဲInvoiceတွင် ပါဝင်ရမည့် အချက်များအား ပြည့်စုံစွာ ဖော်ပြပေးခြင်းဖြင့်  MACCS  စနစ်အောင်မြင်စေရေး အတွက် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
Invoice  တွင်ပါဝင်ရမည့်အချက်များမှာ (၁) ကုန်ရောင်းသူ ကုန်ဝယ်သူ လိပ်စာများ၊ (၂) ကုန်ပစ္စည်းအမျိုးအမည်(Description of Goods) (၃) စံချိန်စံညွှန်း   (Specification) ကုန်အမှတ်တံဆိပ်   (Brand)(၄) ရေတွက်ပုံ / အရေအတွက် ( (Unit Code/ Quantity))၊ (၅) ဈေးနှုန်း Unit Price)၊ (၆) စုစုပေါင်းတန်ဖိုး  (Total Amount)၊ (၇) ပင်ရင်းနိုင်ငံ (Country of Origin)၊ (၈)ကုန်တင်ဆိပ်ကမ်း  (Country of  Loading)  (၉) ကုန်ချဆိပ်ကမ်း (Port of Discharge)၊ (၁၀) ငွေပေးချေမှုစနစ် (Payment of Destination)၊ (၁၁) သင်္ဘောတင်နည်းလမ်း Mode of Transport/ Method of Shipment)၊ (၁၂) ဘဏ်အမည်  (Bank Name)၊ (၁၃) သင်္ဘောတင်ကာလ( Shipment Date/ Shipment Period)စသည်တို့ ဖြစ်ကြောင်းသိရသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General