ကုန်သွယ်ရေးဇုန်နှင့် စခန်းများမှ နှမ်းပိုမိုတင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ အောက် တိုဘာ  ၁၅ ရက်မှ    ၂၁ ရက်အထိ သီတင်းပတ်အတွင်း   အမေရိကန် ဒေါ်လာ ၄ ဒသမ ၇၆၉ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၃၄၉၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေ ကတော့ နှမ်းဖြူ ၅၁၂ တန်နီးပါး၊ နှမ်း နက် ၂၈၉၄ တန်ကျော်နဲ့  နှမ်းညို ၈၈ တန် ဖြစ်ပါတယ်။   ယခင်တစ်ပတ်က ၃၀၅၉ တန်ကျော်   တင်ပို့ခဲ့တဲ့အတွက်လို့ ယခု တစ်ပတ်မှာ ၄၃၅ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မေလဆန်းက နှမ်းဖြူ(အခွံချွတ်)နဲ့ နှမ်းလှော် ၁၆ တန်တင်ပို့ခဲ့ပြီးနောက် ပိုင်း ယခုသီတင်းပတ်တွင်  မူဆယ်မှ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၅၁ သန်းတန်ဖိုးရှိ နှမ်းနက် ၃၂ တန် တင်ပို့ ခဲ့တာ တွေ့ရပါတယ်။မူဆယ်ကုန်စည် ဒိုင်မှာ အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း နှမ်းဖြူ တစ်တန်ဈေး ၁၃၀ဝ၅၆၇ ကျပ်နဲ့ နှမ်း နက်(စမုံ)ဈေး ၂၄၃၄၇၈၃ ကျပ် ရှိတယ် လို့ သိရပါတယ်။အလားတူ မြန်မာ-ထိုင်းနယ်စပ် ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၂၀ဝဝ တန်ဖိုးရှိ နှမ်းဖြူ ၁၀ တန်တင်ပို့ခဲ့ပါတယ်။
မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General