ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်နဲ့ ဆန်ကွဲ ပိုမိုတင်ပို့

မန်မာ-တရုတ် နယ်စပ်ရှိ   ကုန်သွယ်ရေး စခန်းများမှအောက်တိုဘာ ၁၅ရက်မှ ၁ရက်အထိသီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၂ဒသမ ၁၈၇သန်း တန်ဖိုးရှိ ဆန်တန်ချိန်၆၀၁၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၅၄၇တန်ခန့်၊ ဧည့်မထဆန် ၃၉၇၆ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၇၆တန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၁၄  တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ထိုကုန်သွယ်ရေးစခန်းများမှ ယခင်တစ်ပတ်က ၉၉၄၂ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၉၂၉ တန် လျော့နည်းတင်ပို့ ခဲ့ပါတယ်။
ကုန်သွယ်ရေး စခန်းများမှ  ယခုတစ်ပတ် ဆန်ကွဲ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သုညဒသမ ၄၈၄သန်းဖိုးနဲ့ တန်ချိန်
၁၅၃၀ ဖြစ်ပြီး၊ ကုန်သွယ်ရေးဇုန်နဲ့ စခန်းအလိုက် ဆန်ကွဲတင်ပို့မှုမှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၁၂၉၃ တန်နဲ့
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၂၃၇တန် ဖြစ်ပါတယ်။ ယခင်  တစ်ပတ်က ၂၅၅၆ တန် တင်ပို့ခဲ့တဲ့ အတွက် ယခု တစ်ပတ်မှာ
၁၃၅၆ တန် လျော့နည်းတင်ပို့ခဲ့တယ်။ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အောက်တိုဘာ ၁၆ ရက်မှ ၂၂ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ဒသမ၆၄၅ သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၄၈၄၁တန်နီးပါး တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန် ၃၆၀ဝ၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် ၂၂၅တန်ခန့်၊ ပါကစ္စတန်နိုင်ငံသို့ ပေါင်းဆန် တန်၃၀ဝ၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန် ၇၁၆  တန်နဲ့ တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ  ဂျပန်နိုင်ငံသို့  အမေရိကန်ဒေါ်လာ ၁၄၀ဝ၀
တန်ဖိုးရှိ  ကောက်ရိုးပျော့ဖတ် ၁၄တန် တင်ပို့ခဲ့ပြီး၊  အရောင်နဲ့လုပ်ထားတဲ့ ကောက်ရိုးပျော့ဖတ်များကို စက္ကူဘူးခွံလုပ်တဲ့
နေရာမှာ ကုန်ကြမ်းအဖြစ် အသုံးပြုတာလို့ သိရပါတယ်။ ဆန်တင်ပို့မှုမှာ ယခင်တစ်ပတ်က တန် ၁၅၅၀ သာ တင်ပို့နိုင်ခဲ့ပြီး
ယခုတစ်ပတ်မှာ ၄၈၄၁တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ၃၂၉၁တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ယခုတစ်ပတ် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၂ သန်းတန်ဖိုးရှိ ဆန်ကွဲ ၆၉၇၅တန်ကို အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန် ၁၃၅၀ သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၆၂၅တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ယခုဘဏ္ဍာနှစ် ဧပြီ ၁  ရက်မှ အောက်တိုဘာ ၂၁ရက်အထိ ဆန်နဲ့ဆန်ကွဲ   နှစ်ရပ်ပေါင်းတင်ပို့မှုမှာ   အမေရိကန်
ဒေါ်လာ ၁၉၂ဒသမ ၉၃၂သန်းဖိုးနဲ့ တန်ချိန် ၅၅၉၆၄၉  ရှိပြီး၊ဆန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၅၀ ဒသမ ၅၈၇ သန်း၊
တန်ချိန် ၄၁၆၁၆၄၊ ဆန်ကွဲတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ၄၂  ဒသမ ၃၄၅ သန်းနဲ့ တန်ချိန် ၁၄၃၄၈၅ ဖြစ် ပါတယ်။
ယမန်နှစ်ကာလတူထက် ဆန်တင်ပို့မှုမှာ ၁၁၃၉၂၉ တန်နဲ့ဆန်ကွဲတင်ပို့မှုမှာ ၉၄၁၇၅ တန် လျော့နည်းနေကြောင်း သိရှိ
ရပါတယ်။       ယဉ်ယဉ်အေ

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General