ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းတွင် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

ကန်ပိုက်တီးကုန်သွယ်ရေး စခန်း သည် ကချင်ပြည်နယ်တွင် တည်ရှိပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေသော စခန်းတစ်ခု ဖြစ်ပါ တယ်။ ထို့ပြင် ကမ္ဘာတွင် ကျော်ကြားသော ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်ဒေသနှင့် နီးစပ်သည့် ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အောက်တိုဘာ ၂၄ ရက် တွင် ကန်ပိုက် တီးကုန်သွယ်ရေးစခန်း (OSS) ပူးပေါင်းအဖွဲ့မှ ယာဉ်မောင်း ဖိုးသားနှင့် ယာဉ်နောက်လိုက် မောင်ဇင် မောင်းနှင် သည့် (၉ခ/****) Nissan (UD) (၁၀ ဘီး) ကုန်မဲ့ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းအရွယ်စုံ ၁၇၀ ထုပ်၊ အလေး ချိန် ၄၆၇၈ Kg ၊ ခန့်မှန်းတန်ဖိုး ၃၂၇၄၆၀ဝ ကျပ်နှင့် (၁၀) ဘီး ယာဉ်ခန့်မှန်းတန်ဖိုး ၁၈၀ဝ၀ဝ၀ဝ ကျပ် စုစု ေ ပါင်း ခန့်မှန်းတန်ဖိုး ၂၁၂၇၄၆၀ဝ ကျပ်အားဖမ်းဆီးရရှိခဲ့ပါတယ်။ ဖမ်းဆီးရမိသည့် ပစ္စည်းများအား အကောက်ခွန် အမှုတွဲ ဖွင့်လှစ်ထားရှိကာ မြစ်ကြီးနား အကောက်ခွန်ရုံးတွင် သိမ်းဆည်း ထားရှိပြီး တရားခံယာဉ်မောင်းနှင့် ယာ ဉ်နောက်လိုက် နှစ်ဦးအား ကန်ပိုက်တီး ရဲစခန်းတွင် အမှု ဖွင့်လှစ်ထား ကြောင်းသတင်းရရှိပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General