ပျားရည်တန်၃၀ တရုတ်နိုင်ငံသို့ တင်ပို့

မြန်မာ့ပျားရည်ကို ပြည်တွင်းသုံးစွဲမှုထက် ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့ ရကြောင်း၊ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါး အဖြစ်သာ အသုံးပြုကြပြီး ပြည်ပနိုင်ငံတွေမှာ သကြားအစား ပျားရည်ကို စားသုံးကြောင်း၊ အအေးပိုင်းနိုင်ငံတွေမှာ ပျားရည်ကို
အဓိကထားပြီး သုံးစွဲကြကြောင်း ပျားလုပ်ငန်းဌာနမှ သိရပါတယ်။မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ အောက်တိုဘာ ၈ရက်မှ ၁၄ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၁၀ဝဝ တန်ဖိုးရှိ ပျားရည် တန်၃၀ တင်ပို့ခဲ့ပါတယ်။
စက်တင်ဘာလက ပျားရည်တင်ပို့မှု မရှိဘဲ ဩဂုတ်လ အတွင်းက ၂၄တန်ခွဲ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။    မော်မော်အောင်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General