ချင်းရွှေဟော်မှ သကြားပိုမိုတင်ပို့သော်လည်း မူဆယ်မှ လျော့နည်းတင်ပို့

အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂၈၃၁၁၂ တန်ဖိုးရှိ သကြား ၅၁၄ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ သကြား ၂၂၃ တန်နဲ့ နှိုင်းယှဉ်ရင် တန် သုံးရာနီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၆၅ သန်း တန်ဖိုးရှိ သကြား ၁၉၈၄၁ တန် တင်ပို့ခဲ့ ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၃၇၃၃၀ နဲ့ နှိုင်းယှဉ်ရင် တန်
၁၇၀ဝ ကျော်ခန့် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ လွယ်ဂျယ် ကုန် သွယ်ရေးစခန်းကလည်း ၂၅၃၂၇၅ တန်ဖိုးရှိ သကြားတန် ၄၆၀ ကျော် တင်ပို့ ခဲ့ပါတယ်။ ယခုတစ်ပတ် တွင် ပြည်တွင်းသကြားဈေးမှာ တစ်တန် ကျပ် ၉၁၁၄၀ဝ ဈေး ဝယ်ယူရပြီး တစ်ဖက်နိုင်ငံတွင် ၅၀ ကီလိုမီတာ တစ်အိတ်လျှင် ၂၄၄-၂၄၅ ယွမ်ဈေး ရရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါ တယ်။မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှ ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၁၄၄၉၈၀ဝ တန်ဖိုးရှိ သကြား ၂၆၃၆ တန် တင်သွင်း ခဲ့ပါတယ်။ ၈ ရက်မှ ၁၄ ရက် သီတင်းပတ် အတွင်းသီတင်းကျွတ်ပွဲတော်ကြောင့် ရန်ကုန် ဈေးကွက်မှာ သကြား တစ်ပိဿာကို ၁၃၅၀-၁၄၅၀ ကျပ် ဈေးရှိ တယ်လို့ သိရပါတယ်။
မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General