ထိုင်းနယ်စပ်မှရေထွက်ကုန်တန်ချိန် ၅၀ဝဝ ကျော်တင်ပို့

အောက်တိုဘာလ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၂၁ သန်းတန်ဖိုးရှိ ရေထွက် ကုန်တန်ချိန် ၅၀ဝဝ ကျော်ကို ထိုင်းနိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀ဝဝ ကျော်သာ တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၆၀ဝ ကျော် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ရေထွက်ကုန်များတင်ပို့မှု အခြေ အနေကိုကြည့်ပါက မြဝတီကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည
ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်တို့ကို တန်ချိန် ၁၃၀ ကျော် ကော့သောင်းကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ အခြားရေ ထွက်ကုန် ရေဘဝဲ၊ ကင်းမွန်၊ ပင်လယ် ငါးရှဉ့်၊ ပုစွန်၊ကဏန်းတို့ကိုတန်ချိန် ၁၆၀ဝ ကျော်၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၁၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ငါးမှုန့်၊ ကင်းမွန်၊ ငါးအသားလွှာ၊ ရေငန်ပုစွန်၊ သဲကဏန်း တို့ကို တန်ချိန် ၃၀ဝဝ ကျော် အသီးသီး
တင်ပို့နိုင်တယ်လို့ ကုန်သွယ်ရေးစခန်း များမှ သတင်းရရှိပါတယ်။      ခင်မိုးသူ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General