ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြင့် အမေရိကန်နိုင်ငံသို့ ဆန်တင်ပို့

အောက်တိုဘာ ၈ ရက်မှ  ၁၄ ရက်အထိ ကာလအတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၆၉ သန်းတန်ဖိုးရှိ ဆန် ၉၉၄၂ တန်ကျော် တင်ပို့ခဲ့ပြီး ယခင်တစ် ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၄၂၂၆ တန်ကျော် ပိုမိုတင်ပို့ခဲ့
ကြောင်းသိရှိရပါတယ်။ ယခုတစ်ပတ်မှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၅၉ သန်းတန်ဖိုးရှိ ငစိန်ဆန် တန် ၉၅၀ ကျော်နဲ့ ဧည့်မထဆန် ၆၂၂၃ တန်၊ ချင်းရွှေဟော်စခန်းမှ အမေရိကန်ဒေါ်လာ သုည
ဒသမ ၂၀၁ သန်း တန်ဖိုးရှိ ငစိန်ဆန် ၅၅၁ တန်၊ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၀၉ သန်းတန်ဖိုးရှိ ငစိန်ဆန် ၂၂၁၈ တန်ခန့် တင်ပို့ခဲ့ပါတယ်။ယခုတစ်ပတ်မှာ  ကုန်သွယ်ရေးစခန်းများမှ ဆန် သာမက ဆန်ကွဲလည်း ပိုမိုတင်ပို့ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာ သုည ဒသမ ၉၄၁ သန်းတန်ဖိုးရှိ ဆန်ကွဲ ၂၈၈၆ တန် ခန့် ကို တင်ပို့ခဲ့တဲ့ အနက် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၂၅၁၅ တန်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲ ၃၇၁ တန်ခန့်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၁၀၅၇ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အောက်တိုဘာ ၉ရက် မှ ၁၅ ရက်အထိ ကာလအတွင်း   အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၂ သန်းတန်ဖိုးရှိဆန်ဖြူနဲ့ ပေါင်းဆန် တန် ၁၅၅၀
ကို တင်ပို့ခဲ့တဲ့အနက် စင်ကာပူနိုင်ငံသို့ ဧည့်မထ ၂၅ မှတ်ဆန် တန် ၅၀၊ အမေရိကန်နိုင်ငံသို့ ပေါင်းဆန် တန် ၅၀ဝ၊ ဆွစ်ဇာလန်နိုင်ငံသို့ ဧည့်မထ ၂၅ မှတ် ဆန်တန် ၅၀ဝ နဲ့ ကနေဒါနိုင်ငံသို့ ပေါင်းဆန်တန် ၅၀ဝ တင်ပို့ခဲ့ပါတယ်။ ယခု တစ်ပတ်ဆန်တင်ပို့မှုအနေဖြင့် တန် ၁၃၅၀ ကျော်ပိုမိုတင်ပို့နိုင် တာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေ ရိကန်နိုင်ငံသို့ ဆန်တင်ပို့နေပြီဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ   ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၀ သန်းတန်ဖိုးရှိ ဆန်ကွဲတန် ၁၃၅၀ ကိုတင်ပို့ခဲ့ရာ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၈၅၀ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုမှာ နီပေါ နိုင်ငံသို့ ဆန်ကွဲ ၂၂၅ တန်နဲ့အီးယူနိုင်ငံများသို့ ၁၁၂၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက် အထိ ဆန်နဲ့ဆန်ကွဲ နှစ်ရပ်ပေါင်းတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၈၄ ဒသမ ၆၆၀ သန်းဖိုးနဲ့ ၅၃၄၉၉၁ တန်ကျော်ရှိပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ ဆန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၄၁ ဒသမ ၁၅၈ သန်းဖိုးနဲ့ ၄၀၁၃၆၇ တန်ကျော်၊ ဆန်ကွဲတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၅၀၂ သန်းဖိုးနဲ့ ၂၃၃၆၂၄ တန်ကျော်ဖြစ်ပါ တယ်။
     ယဉ်ယဉ်အေး
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General