တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှု လျော့နည်း

မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီး စခန်းလေးခုမှအောက်တိုဘာလပထမပတ်တွင်အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၉၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၃၉၃၁ တန်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ခဲ့တာကတော့ မူဆယ်မှ ၂၃၀၇၇ တန်၊လွယ်ဂျယ်မှတန်၁၂၀၊ချင်းရွှေဟော်မှ၃၃၄တန်နှင့်ကန်ပိုက်တီးမှတန်၄၀ဝဖြစ်ပါတယ်။ယခင်ရက်သတ္တပတ်ကအဆိုပါစခန်းလေးခုမှ ပြောင်းတန်ချိန် ၃၂၅၁၇ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် ပြောင်းတင်ပို့မှု  ရှစ်ထောင်ကျော် လျော့ နည်းသွားခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ စက်တင်ဘာ ၃၀ ရက်က ပြောင်းတစ် တန်ကို ၂၈၇၈၅၀ ကျပ် ရှိရာမှ အောက်တိုဘာ၇ရက်မှာ၂၈၈၈၀ဝကျပ်သို့ ဈေးအနည်းငယ်ထပ်မံမြင့်တက်ခဲ့ကြောင်း၊သယ်ယူစရိတ်မှာတစ်ပိဿာ(၅၅၅၇)ကျပ်ရှိပြီးကားစီးရေ၉၄၀စီးသာဝင်ရောက်ခဲ့ကြောင်း၊ယခင်ကပြောင်းကားတစ်စီးလျှင်၃၈တန်သယ်ယူခွင့်ပြုသော်လည်းယခုကားတစ်စီးလျှင်တန်၃၀ခန့်သာသယ်ယူခွင့်ပြုတာကြောင့် ကာခဈေးတက်ခြင်း၊ယခင်ကပြောင်းတစ်တန်ရဲ့သယ်ယူစရိတ်ယွမ်၁၈၀ရှိခဲ့ရာမှအောက်တိုဘာ၂ရက်မှစ၍ယွမ်၃၂၀ထိမြင့်တက်ခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။                    မော်မော်အောင်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General