တောင်ကြီးမြို့တွင် ဂျပန် - မြန်မာကုန်စည်ပြပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ် အားကစားရုံကြီးတွင် အောက်တိုဘာ ၆ ရက်မှ ၉ ရက်အထိ
ဂျပန် - မြန်မာ ကုန်စည်ပြပွဲ ပြုလုပ်ခဲ့ပါတယ်။ ဂျပန် - မြန်မာကုန်စည်ပြပွဲကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များဖြစ်ကြတဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနှင့် ကယားပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ယဉ်ကျေးမှုနှင့်စီးပွားရေးကော်မတီအဖွဲ့ဝင်များ၊ ဂျပန်- မြန်မာကုန်သည်များ၊ ပြည်သူလူထုများတက်ရောက်ခဲ့ကြပါတယ်။အဆိုပါကုန်စည်ပြပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စီးပွားရေးအသင်းအဖွဲ့များ၊ အစုအဖွဲ့များနှင့် ဒေသထွက်ကုန် အကြောင်းအရာများ ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။ ဂျပန်- မြန်မာကုန်စည် ပြပွဲကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှု ပိုမို
မြင့်မားစေရန် ရည်ရွယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။အစိုးရသစ်လက်ထက်တွင် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု များကို ပြုပြင်ပြောင်းလဲလျက်ရှိပြီး အားပေးလျက် ရှိကြောင်းနဲ့ အဆိုပါကုန်စည်ပြပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အသီးသီးမှ ကုန်သည်များက ဆိုင်ခန်းပေါင်း ၆၀ ကျော် ခင်းကျင်းပြသခဲ့တယ်လို့ သိရှိရပါတယ်။
စောမောင်(တောင်ကြီး)
အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General