တရုတ်နဲ့ ထိုင်းနိုင်ငံသို့ မြန်မာ့ သစ်သီးဝလံများ တင်ပို့တရုတ်နဲ့ ထိုင်းနိုင်ငံသို့ မြန်မာ့ သစ်သီးဝလံများ တင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၀ သန်းတန်ဖိုးရှိ ဖရဲသီး   ၄၃၇၁ တန်၊ အုန်းသီးတန် ၅၀၊ နာနတ်သီး ၁၀ တန်နဲ့ သခွားမွှေးငါးတန်ကို လည်း ကောင်း၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှအမေရိကန်ဒေါ်လာ၃၁၀၂တန်ဖိုးရှိဖရဲသီး၂၉တန်ကို လည်းကောင်းအသီးသီး တင်ပို့ခဲ့ပါတယ်။ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ စက်တင်ဘာ လတွင်  ဖရဲသီးတန်ခြောက်ထောင်ကျော်၊ အုန်းသီး တန် ၂၀ဝ ခန့်၊ နာနတ် သီး ၁၈ တန်နဲ့ သခွားမွှေးငါးတန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းကတော့ ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ ၁၀၂၅၆ တန်ဖိုးရှိ ဆန်းကစ်သီးတန် ၅၀ တင်ပို့ခဲ့ပါတယ်။ စက်တင်ဘာတစ်လလုံးမှာတော့ ထိုင်းနိုင်ငံသို့ နာနတ် သီးတန် ၂၀ဝ ၊ ထောပတ်သီး တန် ၁၀ဝ နဲ့ ဆန်းကစ်သီးတန် ၅၀ ကို တာချီလိတ်မှတစ်ဆင့် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။
                 မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General