ပုသိမ်မြို့တွင် စင်ကာပူစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့တွင်ဧရာဝတီတိုင်းကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ARCCI) နှင့် စင်ကာပူစီးပွားရေးလုပ်ငန်း ရှင်များ  Bilateral Meeting Between ARCCI & Singapore Business Delegation မှ တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးပွဲကိုပုသိမ်မြို့ ရှင်ပင်ဘုန်းပွင့် လမ်းရှိ  ARCCIအသင်းရုံးတွင် ကျင်းပပြုလုပ်ရာ အသင်းဥက္ကဋ္ဌ   ဦးဝင်းမြင့်လှိုင်၊   ခရိုင်ဥက္ကဋ္ဌဦးဝင်းလှိုင်နှင့်စီးပွားရေးလုပ်ငန်းရှင်များတက်ရောကခဲ့ကြောင်းသိရပါတယ်။တိုင်းဒေသကြီး၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်ယခင် ရေနက်ဆိပ်ကမ်းများဖြစ် တဲ့ပုသိမ်၊ပမ္မဝတီနဲ့ ဆောက်လုပ်ရန်လျာထားသောငရုတ်ကောင်းရေနက်ဆိပ်ကမ်းအခြေအနေများ၊ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ချောင်းသာ၊ငွေဆောင်နှင့်ဂေါ်ရင်ဂျီကျွန်းအချက်အလက်များ၊ ပုသိမ်စက်မှုမြို့တော်လုပ်ငန်းတည်ဆောက်နေမှုများကိုရှင်းလင်းပြသပါတယ်။စင်ကာပူစီးပွားရေးလုပ်ငန်းရှင်များကလည်း  မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ကိုင် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြသကာ ARCCI အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင် နဲ့  တာဝန်ရှိသူများကလည်း တိုင်းဒေသကြီးအတွင်းရှိ  
စီးပွားရေးလုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားပြီး စင်ကာပူစီးပွားရေးလုပ်ငန်းရှင်များနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရရှိလာမယ့်စီးပွားရေးအခွင့်အလမ်းများနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။
                                                                     မင်းမင်းဦး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General