မူဆယ်မှရေထွက်ကုန် တန်ချိန် ပိုမိုတင်ပို့သော်လည်း တန်ဖိုးလျော့နည်း

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ် လာ ၂ ဒသမ ၁၉၈ သန်းတန်ဖိုးရှိ ရေ ထွက်ကုန်ပစ္စည်း ၁၁၅၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၀၉၄ တန် ကျော် တင်ပို့ခဲ့ပေမယ့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇၉ သန်းအထိတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် တန်ချိန်အားဖြင့် ၅၈ တန် ပိုမိုတင်ပို့ ခဲ့ပေမယ့် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုညဒသမ ဝ၈၁ သန်း ကျ ဆင်းခဲ့တာကို တွေ့ရပါတယ်။  တင်ပို့ခဲ့တဲ့ ရေထွက်ပစ္စည်းတွေကတော့ ကဏန်း၊ ငါးရှဉ့် ၊ ရေခဲငါး၊ ငါးမှုန့်၊ ငါးလေးခြောက်၊ ငါးဆား နယ်၊ ငါးစည်ဖောင်း၊ ရေခဲပုစွန်နဲ့ ပုစွန်ခြောက် တို့ဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံတွင် ယခင်တစ်ပတ်က ငါးရှဉ့်တစ်တန်ကို ၂၅၀ဝဝ ယွမ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၅၀ဝဝ ယွမ်၊ ကဏန်း တစ်တန်ကို ၄၆၈၇၅ ယွမ်ရှိရာမှ ၆၃၅၄၂ ယွမ်သို့ မြင့်တက် လာခဲ့တယ်လို့ မူဆယ် ကုန်စည်ဒိုင်မှ သိရပါတယ်။မော်မော်အောင်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General