စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့နန်းတော်အရက်နဲ့ အဆင့်မြင့်ဝီစကီများ တင်ပို့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၁ သန်း တန်ဖိုးရှိ နန်းတော် အရက်၁၀ဝ၀ လီတာနဲ့ အဆင့်မြင့်ဝီစကီ ၅၀ဝလီတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်ကတင်ပို့ခဲ့ခြင်းမရှိဘဲ ယခုတစ်ပတ်မှ သာ ပြန်လည် တင်ပို့တာ တွေ့ရပါတယ်။သြဂုတ်လအတွင်းက နန်းတော် အရက်လီတာ ၂၀ဝ၀ နဲ့ အဆင့်မြင့် ဝီစကီ လီတာ ၁၀ဝ၀ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့နိုင်ခဲ့ တယ်လို့ ကုန်သွယ်ရေး စခန်းမှ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General