နယ်စပ်စခန်းများမှ သစ်သီးဝလံအပို့၊ အသွင်းစုံ

စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၁၃၅၀၇ တန်ဖိုးရှိ ဖရဲသီး ၈၉၈ တန်ခွဲနဲ့ အုန်းသီး ၁၀၂ တန်ကိုလည်းကောင်း၊ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၀၃ တန်ဖိုးရှိ ဖရဲသီး ၁၄ တန်ခွဲနဲ့ နာနတ်သီး သုံးတန် ခွဲကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၇၄၇၀၆ တန်ဖိုးရှိ နာနတ်သီးတန် ၂၀ဝ နဲ့ ထောပတ်သီးတန် ၁၀ဝကိုလည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိတမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၀ဝ၉၄ တန်ဖိုးရှိ ပန်းသီး၁၆ တန်၊အုန်းသီး၁၁တန်နဲ့ သရက်သီး ငါးတန်တို့ကိုလည်းကောင်း အသီးသီး တင်ပို့နိုင်ခဲ့ ပါတယ်။ မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ သစ်သီးဝလံ တင်ပို့မှုရှိသလို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ၂ ဒသမ ဝ၂၀သန်းတန်ဖိုးရှိ ပန်းသီး၊ ပန်းသစ်တော်နဲ့လိမ္မော်သီး တန်ချိန် ၅၄၀ဝ ကျော်နဲ့ကန်ပိုက်တီး ကုန်သွ ယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၉၃၀ဝ၁ တန်ဖိုးရှိ ပန်းသီး ၅၉ တန်၊ လိမ္မော်သီး တန်ချိန် ၈၄ တန်ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီ ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ၄၂၉၉၃ တန်ဖိုးရှိ နဂါးမောက်သီး၊ ပန်းသီး၊ ပန်းသစ်တော်၊ နန်းမြားသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ နာနတ်သီးနဲ့ မန်ကျည်းချို သီး တန် ၂၃၀ ကိုလည်းကောင်းအသီးသီး တင် သွင်းလာခဲ့ကြတယ်လို့ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General