တမူးကုန်သွယ်ရေးစခန်းရဲ့ သြဂုတ်ကုန်သွယ်မှုပမာဏ လျာထားချက် ကျော်လွန်

တမူးကုန်သွယ်ရေး စခန်းရဲ့ သြဂုတ်လအတွင်း လျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ သုံးသန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ တစ် သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄သန်းဖြစ်၍ ပို့ကုန် ဆောင် ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၀၇သန်း၊ သွင်းကုန် ဆောင် ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၅သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄ဒသမ ၄၆၂ သန်း ဆောင်ရွက်နိုင်ခဲ့၍ ကုန်သွယ်မှု လျာထားချက်အပေါ် ၁၁၆ ဒသမ ဝ၅ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။တမူးကုန်သွယ်ရေးစခန်းရဲ့ ပထမ လေးလပတ်ဖြစ်တဲ့ ၂၀၁၆ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်တို့မှာလည်း လျာထား ချက်ကို ကျော်လွန်ပြီး ယခု သြဂုတ် တွင်လည်း လျာထားချက်ကို ကျော်လွန် ကြောင်း သိရသည်။
ယခင်နှစ်ကာလတူတွင် တမူးခရိုင် အတွင်း၌ နှစ်ကြိမ်တိုင်တိုင် ချောင်းရေ တိုက်စားမှုကြောင့် တံတားငါးစင်းနဲ့ ကျေးရွာများ ပျက်စီးခဲ့ကာ ကုန်သွယ်မှု လမ်းကြောင်း ပြတ်တောက်ခဲ့ပြီး ယခု နှစ်တွင် ယမန်နှစ်ကဲ့သို့ သဘာဝဘေအန္တရာယ်မဖြစ်ပေါ်ခြင်းကြောင့် ကုန် သွယ်မှု လျာထားချက် ကျော်လွန်ခြင်း ဖြစ်ကြောင်း သိရသည်။တမူးကုန်သွယ်ရေးစခန်းရဲ့ သြဂုတ် လအတွင်း ကုန်သွယ်မှုကို ယခင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၃ဒသမ ၉၇၉ သန်းနဲ့ သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ဝ၀၄သန်း ပိုမိုခဲ့၍ ကုန် သွယ်မှုပမာဏကလည်း အမေရိကန် ဒေါ်လာ ၃ဒသမ ၉၈၄ သန်း ပိုမိုခဲ့ ကြောင်း သိရသည်။
ကာလတူဖြစ်တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်နဲ့ နှိုင်းယှဉ်ပါက တမူးကုန်သွယ် ရေးစခန်းရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ကွမ်းသီး၊သရက်သီး၊ ပဲပုပ်စေ့၊ အုန်းသီး၊ ပန်းသီး၊ ကြက်သွန်ဖြူတို့ကို အမေရိကန် ဒေါ်လာ ၂ဒသမ ၆၆၂ သန်းဖိုး ပိုမို တင်ပို့နိုင်ခြင်းကြောင့်ဖြစ်ပြီး၊ သွင်းကုန် ပိုင်းတွင်လည်း လူသုံးကုန်ပစ္စည်းများ ဖြစ်တဲ့ ပဲရာဇာ၊ ဘတ္ထရီ၊ လက်နှိပ် ဓာတ် မီး၊ အနာကပ်ပလာစတာ၊ ဆပ်ပြာရည်၊ ဖိနပ်မျိုးစုံ၊ ပလပ်စတစ်လက်ကောက်နဲ့  ခေါင်းလျှော်ရည်တို့  ပိုမို တင်သွင်းခဲ့ ခြင်းကြောင့် ဖြစ်ပါတယ်။           ခင်မိုးသူ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General