တာချီလိတ်မှလည်း နှမ်းပြန်လည်တင်ပို့ခဲ့

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်  ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၃ ရက်မှ ၉ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၃၁၁၄၈ တန်ဖိုးရှိ နှမ်းဖြူ တန် ၁၀ဝ တင်ပို့ခဲ့ပါတယ်။
ဇူလိုင်လကုန်ပိုင်းက နှမ်းနက် ၁၀ တန်တင်ပို့ခဲ့ပြီး၊ ယခု တစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပုံမှန်တင်ပို့နေကျ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၈၂ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၃၅၈ တန်ကျော် တင် ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းအမျိုးအစားတွေကတော့ နှမ်းဖြူ ၆၆၇ တန်ကျော်၊ နှမ်းနက် ၁၆၀၃ တန်ကျော်နဲ့ နှမ်းညို ၈၈
တန်ခွဲ ဖြစ်ပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ   စက်တင်ဘာ ၃ ရက်မှ   ၉ ရက် အတွင်း နှမ်းဖြူတစ်တန် (မိမိဘက်ပေါက်ဈေး) မှာ  ၁၂၄၄၁၂၃ ကျပ်နဲ့  နှမ်းနက်(စမုံ)ဈေးကတော့ ၂၃၂၉၁၁၄ ကျပ်ရှိတယ်လို့သိရပါတယ်။                                                  
 မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General