ပြည်မြေပဲဆန် ဝင်အားကောင်းသလောက်အရောင်းအဝယ်ဖြစ်ပြီး ဈေးကျလာ

ယခုတစ်ပတ်ပြည်ဈေးကွက်တွင်  မြေပဲဆန်အိတ်  အများအပြားဝင်ရောက်လာ  သဖြင့် ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ ပြည်၊ အောင်လံကြားကျေးရွာများ နဲ့ မြန်အောင်၊ ကြံခင်း၊ ဝက်ထီးကန်၊ ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ တစ်နေ့ လျှင် အိတ် ၂၅၀ဝ မှ ၃၀ဝ၀ အထိ ဝင်ရောက်လာတဲ့အတွက်   ဈေးကွက်တွင် ပဲလက် ကျန် များလာတာတွေ့ရပါတယ်။
ပဲလက်ကျန်များလာသဖြင့် ဈေးနှုန်းကျလာတာ တွေ့ရပါတယ်။ ယခင်တစ် ပတ်ထက်စာလျှင် ယခုတစ်ပတ်မှာ လုံးဆန် အဝင်ပိုများလာ ခဲ့ကာ လုံးဆန်ကို ရန်ကုန်ဆီစက်များက အဝယ်ရှိပြီး ဆီဆန်ကိုမကွေးဆီစက်နဲ့ပြည်ဆီ စက်များက အဝယ်ရှိနေပေမယ့် ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ ယခု တစ်ပတ်တွင် မြေပဲဆီဆန်ဈေးမှာ တစ်ပိဿာလျှင် ၁၅၀ဝ ကျပ်နှင့်လုံးဆန်တစ်ပိဿာလျှင် ၂၁၀ဝ ကျပ်ဖြင့် ဈေးကျလာ သလို မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ၄၅၀ဝ ကျပ်ဖြင့်် တစ်ပိဿာလျှင် ကျပ် ၃၀ဝ ဈေးကျလာတာတွေ့ရပါတယ်။
  ဝေဝေမင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General