ဆန်ကြမ်းဈေးဆက်ကျပြီး အရောင်းအဝယ်အေးလျက်ရှိ

ရန်ကုန်မြို့ ဝါးတန်းဆန်ဈေးကွက်ရဲ့ သြဂုတ် ၁၅ ရက် လက်ကားဈေးနှုန်းအရ ဖျာပုံပေါ်ဆန်းထိပ်စ တစ်အိတ်ကို ကျပ် ၃၅၅၀ဝ၊ လတ်စတစ်အိတ်ကို  ကျပ် ၃၃၀ဝ၀၊ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စ  တစ်အိတ် ကျပ် ၃၆၅၀ဝ၊ လတ်စတစ်အိတ်ကျပ် ၃၄၀ဝ၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ်အိတ် ကျပ် ၃၃၀ဝ၀၊ လတ်စတစ်အိတ် ကျပ် ၃၁၀ဝ၀၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၄၃၀ဝ၀ မှ ကျပ် ၄၅၅၀ဝ နဲ့ ယခင်တစ်ပတ်ဈေးအတိုင်း အပြောင်းအလဲသိပ် မရှိဘဲ ဆန်ချောအညံ့သာ တစ်အိတ်ကို ကျပ် ၅၀ဝ ခန့်ဈေး ကျသွားကြောင်း သိရှိရပါတယ်။
ဆန်ကြမ်းဈေးလည်း  တစ်အိတ်ကို ကျပ် ၅၀ဝ မှ ကျပ် ၁၀ဝ၀ ကြားဈေးကျကြောင်း သိရပါတယ်။ ဧည့်မထဆန် ထိပ်စ တစ်အိတ် ကျပ် ၂၀၅၀ဝ နဲ့ လတ်စတစ်အိတ် ကျပ် ၁၉၅၀ဝ ဖြစ်ပြီး ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကိုကျပ် ၃၀ဝ မှ ကျပ် ၇၀ဝ အထိဈေးကျကြောင်း သိရှိရပါတယ်။ နွေသီးထပ်ရှယ်တစ်အိတ် ကျပ် ၁၈၅၀ဝ မှ ကျပ် ၁၉၅၀ဝနဲ့ တစ်အိတ်ကို ကျပ် ၁၀ဝ၀ ခန့်အထိဈေးကျပြီး၊ ရက် ၉၀ နွေ ဆန် တစ်အိတ် ကျပ် ၂၀ဝ၀ဝ မှ ကျပ် ၂၂၀ဝ၀၊ မနောသုခ တစ်အိတ် ကျပ် ၂၆၀ဝ၀မှ ကျပ် ၂၇၀ဝ၀၊ အိတ်စ်ပို့ ၂၅ မှတ်ဆန်တစ်အိတ် ကျပ် ၁၇၀ဝ၀ မှ ကျပ် ၁၇၂၀ဝ ဈေးနဲ့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း သိရှိရပါတယ်။
ယခုတစ်ပတ်မှာ ဝါးတန်းကုန်စည်ဒိုင်သို့ ဆန်အဝင် ပုံမှန်ရှိသော်လည်း အရောင်းအဝယ်ပါးကြောင်း၊ ဆန်ဈေး ကွက်မှာလည်း ပြည်တွင်းဈေးကွက်သာ  ရှိနေတဲ့အတွက် လောလောဆယ်ကာလတွင် ဆန်ဈေးဆက်မတက်နိုင်သေး ကြောင်း ဝါးတန်းဆန်ဈေးကွက်မှသိရှိရပါတယ်။
မူဆယ်ကုန်စည်ဒိုင်ရဲ့ သြဂုတ် ၁၆ ရက်ဆန်ဈေးနှုန်းမှာ ဧည့်မထ ၅မှတ် မှော်ဘီ တစ်အိတ် ၁၃၈ ယွမ်မှ ယွမ် ၁၄၀၊ ဧည့်မထ ၅ မှတ် စူပါတစ်အိတ် ယွမ် ၁၄၀ မှ ၁၄၃ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ်အိတ် ၁၃၃ ယွမ်မှ ၁၃၅ ယွမ်၊ ဧည့်မထ ၁၀ မှတ် စူပါတစ်အိတ် ၁၃၈ ယွမ်မှ ၁၃၉ ယွမ်၊ မနောသုခ ၂၅ မှတ်တစ်အိတ် ၁၂၅ ယွမ်မှ ၁၂၈ ယွမ်၊ ငစိန် ၅ မှတ်တစ်အိတ် ၁၃၉ယွမ်မှ ယွမ် ၁၄၀၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၃၄ ယွမ် မှ ၁၃၇ ယွမ်၊ ငစိန် ၂၅ မှတ်တစ်အိတ် ယွမ် ၁၃၀ မှ ၁၃၂ ယွမ်ဖြစ်ပြီး ယခင်တစ်ပတ် အတိုင်း ဈေးနှုန်းမပြောင်းလဲကြောင်း သိရှိရပါတယ်။
မြို့တွင်းနယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်အတွင်း ဆန်တန်ချိန် ၄၃၅၆ တန်ဝင်ရောက်မှုရှိပြီး၊ ယခင်တစ်ပတ်ထက် ဆန် အဝင် ၂၄၅၂ တန်လျော့နည်းကြောင်း သိရှိရပါတယ်။ အဝင်လျော့ကျရခြင်းမှာ အရောင်းအဝယ်ပါးခြင်းကြောင့် ဖြစ်ပြီး ယခုတစ်ပတ်အတွင်း စက်တင်ဘာ ၁၆ ရက်ဟာ တရုတ်လူမျိုးတို့ရဲ့]]လမုန့်စားပွဲတော်}}ကျင်းပတဲ့နေ့ဖြစ်ပါ တယ်။
တရုတ်ကုန်သည်များ နေရပ်ပြန်ကြပြီး မိသားစုစုံညီပွဲတွေကျင်းပကြတာကြောင့် ဆန်အဝယ်ပါးတဲ့အတွက် အဝင် လည်းနည်းရခြင်းဖြစ်တယ်လို့ မူဆယ်ဆန်ဈေးကွက်မှ သိရှိရ ပါတယ်။ စက်တင်ဘာ ၁၆ ရက်ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၈၂ ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။

ယဉ်ယဉ်အေး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General