စက်တင်ဘာပထမပတ် မုံရွာဆီထွက်သီးနှံဈေးကွက်တွင် မြေပဲဈေး ဆက်လက်ကျလာ

မုံရွာကုန်စည်ဒိုင်   စက်တင်ဘာပထမပတ်  ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲ (လုံးဆန်) ဈေးဆက်လက်ကျဆင်းခဲ့ရာ မြေပဲဆန်(နီ) တစ်ပိဿာ ၂၀ဝ၀ မှ ၂၁၅၀ ကျပ်၊ မြေပဲဆန်(ဖြူ) တစ်ပိဿာ ၁၉၅၀မှ၂၀၂၅ကျပ်နဲ့ဆီဆန်တစ်ပိဿာ၁၈၀ဝမှ၁၈၅၀ကျပ်အတွင်း ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး ပြည်ပဝယ်လက်မရှိပေ မယ့် ဒေသတွင်းလုပ်ငန်း သုံးဝယ်လက်ကြောင့် တစ်ရက် အိတ် ၄၀ဝ မှ ၅၀ဝ အထိအရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ကုန်သည်ရပ်ကွက်က သိရပါတယ်။
ယခုတစ်ပတ် နှမ်းမျိုးစုံဈေးကွက်မှာ ပြည်တွင်း၊ ပြည်ပဝယ်လိုအား  ကောင်းတဲ့ နှမ်းဖြူက လှောင်လက်အဆွဲလည်းရှိလို့ တစ်တင်း ကျပ် ၃၀ဝ၀ဝ အထိဈေးမာနေခဲ့ပေ မယ့် ကျန်နှမ်းမျိုးစုံ ဈေးအနည်းငယ်ကျခဲ့ရာ နှမ်းညိုတစ်တင်း  ၂၂၀ဝ၀ ကျပ်၊ ၂၃၀ဝ၀ ကျပ်၊ နှမ်းနီ  တစ်တင်း ၂၂၀ဝ၀ ကျပ်၊ ၂၃၀ဝ၀ ကျပ်၊ နှမ်းဝါတစ်တင်း ၂၄၀ဝ၀ ကျပ်နဲ့ နှမ်းနက်တစ်တင်း ၄၅၀ဝ၀ ကျပ်၊ ၄၆၀ဝ၀ ကျပ် အသီးသီးပေါက်ဈေးအမြင့်ဆုံးရခဲ့ကြ ပြီး နှမ်းမျိုးစုံတစ်ရက် အိတ် ၅၀ဝ မှ ၆၀ဝ ကြားအရောင်းအဝယ်ဖြစ်နိုင်တယ်လိုု့ ဒိုင်ရပ် ကွက်က သိရပါတယ်။
ယခုတစ်ပတ်မှာ မြေပဲနဲ့ နှမ်းဈေးအေးခဲ့သလိုစားဆီဈေးလည်းတစ်ပိဿာကျပ်၁၀ဝစီကျသွားပြီး၊ မြေပဲဆီတစ်ပိဿာ၃၈၀ဝကျပ်နဲ့ နှမ်းဆီတစ်ပိဿာကျပ်၃၀ဝ၀အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။စားအုန်းဆီကတော့တစ်ပိဿာ၁၈၁၀ကျပ်မှ၁၈၄၀ကျပ်အတွင်းပေါက်ဈေးဖြစ်ပေါ်ခဲ့တယ်လို့ ဈေးကွက်မှ လေ့လာသိရှိရပါတယ်။                                      ထွန်းလှိုင်-မုံရွာ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General