မြဝတီကုန်သွယ်ရေးဇုန်ရဲ့ သြဂုတ်လကုန်သွယ်မှု အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူ ထက်ပါတိုးတက်ဆောင်ရွက်

မြဝတီကုန်သွယ်ရေးဇုန်ရဲ့ သြဂုတ်လအတွင်း ကုန်သွယ်မှုဆောင် ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၆၀၃ သန်းဖြစ်၍ အနီးစပ ဆုံး ကာလထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂၄ သန်းနဲ့ ယမန်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၃၄ သန်း ပိုမိုဆောင် ရွက်နိုင်ခဲ့ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်ရဲ့ သြဂုတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာသန်း ၇၀ နဲ့ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၈၀ဖြစ်ပြီး ကုန်သွယ်မှုလျာထားချက်အပေါ် အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် ၅၀ ရာခိုင်နှုန်း၊ သွင်းကုန် ၁၀ဝ ရာခိုင်နှုန်းနဲ့ ကုန်သွယ်မှုပမာဏ ၉၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။
သြဂုတ်လအတွင်း အနီးစပ်ဆုံး ကာလထက်ရော ယမန်နှစ်ကာလတူ ထက်ပါ ကုန်သွယ်မှုပိုမိုရခြင်းမှာ ပို့ကုန်ပိုင်းတွင် လယ်ယာထွက်ကုန် ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းနဲ့အခြား ပစ္စည်းတို့ ပိုမိုတင်သွင်းခဲ့ခြင်း ကြောင့် ဖြစ်ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ ငါးဖမ်းပိုက်ကွန်များ၊ မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ယာ သုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်း များ၊ လေအေးပေးစက်များ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး ပစ္စည်းများ သတ္တုကုန်ချောဆောက်လုပ်ရေး ပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ အခြားပစ္စည်းများ၊ ဓာတ်ပုံကင်မရာ နှင့် ဆက်စပ်အပိုပစ္စည်းများ ပိုမိုတင်သွင်းခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်မှ သြဂုတ် လအတွင်း အများဆုံးတင်ပို့တဲ့ ကုန်ပစ္စည်းများကတော့ မြေပဲဆန်၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ မတ်ပဲ၊ ငါးမျိုးစုံ၊ သီဟိုဠ်စေ့၊ ကဏန်း၊ ပုစွန်၊ ပဲတီစိမ်းတို့ဖြစ်ပြီး အများဆုံး တင်သွင်းတဲ့ ပစ္စည်းများကတော့ ပြုပြင်ပြီး တိုယိုတာဟိုင်းလပ်၊ ဆိုင်ကယ်အသစ်၊ သကြား၊ စပါးေ>ခစက်အသစ်၊ ဓာတ်ငွေ့ရည်၊ ဓာတ်မြေသြဇာ၊ အားဖြည့်အချိုရည်နဲ့ လယ်ထွန်စက်တို့ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။                                          ခင်မိုးသူ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General