ကမ္ဘာ့ရွှေဈေးရော ငွေလဲနှုန်းပါ မြင့်တက်လာမှုကြောင့် မြန်မာ့ရွှေဈေး ဆက်လက်မြင့်တက်

ယခုတစ်ပတ်အတွင်းကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာခဲ့သဖြင့် ပြည်တွင်း ရွှေဈေးများ ဆက်လက်မြင့်တက်ခဲ့ ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်း မြှင့်တင်မည့်ကိစ္စကြောင့်ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ရွှေဈေးအနည်းငယ်ငြိမ်သက်ခဲ့ရာမှယခုတစ်ပတ်တွင်အတိုးမြှင့်တင်မည့်ကိစ္စမှာမသေချာတော့သဖြင့်ကမ္ဘာ့ရွှေဈေးများ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးကသုံးသပ်ခဲ့သည်။]]ကမ္ဘာ့ရွှေဈေးကလည်း မြင့်တက်လာတယ်။ အဓိကကတော့အမေရိကန်  ဗဟိုဘဏ်ပဲ။ သူက အတိုးနှုန်းကို မြှင့်တင်မယ်ဆိုတော့ ရွှေဈေးက နည်းနည်းငြိမ် နေတယ်။ အခုလည်းကျရော တိုးမယ့်ကိစ္စက မသေချာတော့ဘူးဆိုတော့ ကမ္ဘာ့ရွှေ ဈေးက လိုက်ပြီးတက်လာတယ်။ ပြည်တွင်းမှာငွေလဲနှုန်းကလည်း  လိုက်ပြီးမြင့်တက် လာတော့ ရွှေဈေးနှုန်းလည်း
မြင့်တက်လာရတာပါ။ ဈေးကွက်ထဲမှာတော့အရောင်းအဝယ်ပြန်ဖြစ်လာတယ်လို့ဆိုရမယ်။ ဈေးနည်းနည်းကျတုန်းကဝယ်ထားတဲ့သူတွေအခုဈေးပြန်တက်တော့ ပြန်ရောင်းကြတာ။ ဈေးကွက်ထဲမှာနည်းနည်း တော့ ပြန်လှုပ်လာတယ်။ အထည်ပိုင်းမှာတော့ တော်တော်လေးကို အရောင်းအေးသွားတယ်}}ဟု ရွှေဈေးကွက်ကျွမ်းကျင်သူဦးလှမြင့်က ဆိုသည်။ပြည်တွင်းရွှေဈေးသည် စက်တင်ဘာ ၅ ရက်က ကျပ် ၈၅၅၀ဝ၀ရှိခဲ့ ရာမှ စက်တင်ဘာ ၇ ရက်တွင်ကျပ် ၈၆၇၀ဝ၀ သို့ မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၉ ရက်တွင် ကျပ် ၈၆၅၀ဝ၀ သို့ အနည်းငယ်သာကျဆင်းခဲ့သည်။     မယ်သီတာ

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General