ဒီတစ်ပတ်ဒီဇယ်တန်ချိန် တစ်သောင်းကျော်ဝင်

သြဂုတ် ၂၈ ရက်မှစက်တင်ဘာလ ၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၅၃၄၁၆၁၄၅ တန်ဖိုးရှိ ဒီဇယ်  ၁၂၇၉၁ ဒသမ  ၈၃၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ

တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံမှ အဆင့်မြင့် ဒီဇယ်များတင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဒီဇယ်အဝင်မှာ တန်ချိန် ၂၁၃၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ

ဒီဇယ်တန်ချိန် တစ်သောင်းကျော် ပိုမို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီတင်သွင်းမှုမရှိခဲ့ဘူးလို့ သိရ ပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဇူလိုင်လမှာ ဓာတ်ဆီ၊

ဒီဇယ် စုစုပေါင်း တန်ချိန် ၈၈၀ ကျော် တင်သွင်းခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၁၆၁၀ဝ ကျော်တင်သွင်း ခဲ့တာကြောင့် သြဂုတ်လမှာ ဓာတ်ဆီ၊ ဒီဇယ်တန်ချိန်၁၅၂၀ဝ ကျော်တင်သွင်းမှုပို

ခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်စခန်းမှ ကန်ဒေါ်လာ၂၃၈၇၅ တန်ဖိုးရှိ ဒီဇယ် ၅၄ တန် တင်သွင်းခဲ့သလို မြဝတီစခန်းမှ ကန်ဒေါ်လာ၂၂၉၈၇ တန်ဖိုးရှိ ဓာတ်ဆီ ၄၁ တန်

တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ် ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ  ရောင်းချနေတဲ့  ဒီဇယ်၊ အဆင့်မြင့် ဒီဇယ်၊ အောက်တိန်း(၉၂)နဲ့

အောက်တိန်း (၉၅) ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်၅၄၀ ကျပ်၊ အောက်တိန်း (၉၂) ၅၄၀ ကျပ်၊

အောက်တိန်း (၉၅) ၆၂၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၅၇၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။  စက် တင်ဘာ  ၅ ရက်၊ ဒီဇယ်ဝယ်ဈေး ၁၀၄၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၀၇၀ဝ၀

ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ  တစ်ပတ်လုံးဒီဈေးနဲ့  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ စက်တင်ဘာ ၅ ရက်တွင် ဝယ်ဈေး ၁၂၀ဝ၀ဝ ကျပ်၊ ရောင်းဈေး

၁၂၅၀ဝ၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ စက်တင်ဘာ ၇ ရက်မှစပြီး ဝယ်ဈေး ၁၂၅၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၂၇၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ တစ်ဂါလန်ဈေးမှာ

မပြောင်းဘဲ ဒီဇယ်ရောဓာတ်ဆီပါ ယခင်တစ် ပတ်ဈေးဖြစ်တဲ့ တစ်ဂါလန်၂၈၀ဝ-၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရ ပါတယ်။
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင် ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက် တိန်းမှာ ဈေးငြိမ်နေပြီး

ဒီဇယ်မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ၅၃၅ ကျပ်၊

အဆင့်မြင့်ဒီဇယ် ၅၈၀ ကျပ်၊ အောက်တိန်း (၉၂) ၅၈၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ် ဖြစ်နေတဲ့ ပီပါဈေးများမှာ စက်တင်ဘာ ၅ ရက် ဒီဇယ်ဝယ်ဈေး

၁၀၇၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၀၉၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၈ ရက်မှစပြီး ဝယ်ဈေး ၂၅၀ဝကျပ်၊ရောင်းဈေး ၂၀ဝ၀ကျပ် ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေး မှာ

စက်တင်ဘာ  ၅ ရက်တွင် ဝယ်ဈေး ၁၃၀ဝ၀ဝ ကျပ်၊ ရောင်းဈေး ၁၃၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ပြင်ပလက်လီ

ဆိုင်များတွင် တစ်ဂါလန် ဈေးမှာဒီဇယ် ၂၆၀ဝကျပ်၊ ဓာတ်ဆီ ၃၀ဝ၀ ကျပ်နဲ့အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်

ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၃၀ဝ၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၅၆၅ ကျပ် ၊အောက်တိန်း တစ်ဂါလန် ၂၄၇၅ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့

သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀ဝကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၀ဝ ကျပ်၊ အောက်တိန်း တစ် ဂါလန် ၂၅၀ဝကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။-
တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ် ဂါလန်ဈေးနှုန်းများမှာ

ဓာတ်ဆီတစ်ဂါလန် ၂၅၀ဝ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၆၀ဝ ကျပ်နဲ့ ရောင်းချတယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ် ဂါလန် ၂၆၀ဝကျပ်၊ ဒီဇယ်တစ်ဂါလန်၂၇၀ဝ

ကျပ်နဲ့အရောင်းအဝယ်ဖြစ်နေတယ် လို့ သိရှိရပါတယ်။                       

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General