အသွင်ပြောင်းပဲဆီ တင်သွင်း/ ဖြန့်ဖြူး/ စားသုံးခြင်းကို ရှောင်ကြဉ်ကြဖို့

တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာ နိုင်ငံသို့ တရုတ်နိုင်ငံမှ စားသောက်ကုန် ပစ္စည်းအမျိုးမျိုး ဝင်ရောက်လျက်ရှိရာ စားသုံးရာ မှာ အရေးအကြီးဆုံးဖြစ်သည့် မီးဖိုချောင်သုံး စားသုံးဆီသည်လည်း တရားမဝင် နည်းလမ်းမျိုးစုံ နဲ့ ဝင်ရောက်တာကို သိရှိနေရပါတယ်။
တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်နေ သည့် စားသုံးဆီ အမျိုးမျိုးရှိသော်လည်း အဓိက ဝင်ရောက်နေသည့် ဆီအမျိုးအစား (၂)မျိုး ရှိတယ်လို့ သိရှိရပါတယ်။ ၎င်းင်းဆီအမျိုးအစား များမှာ တရုတ်အခေါ် တာ့တုံးယုံ့နဲ့ ရှောက်မိုင်း ယန့်ဆီများ ဖြစ်ကြပါတယ်။ တာ့တုံးယုံ့ဆီက (၁၁၅) ပိဿာခန့်ဆံ့သည့် သံပေပါများဖြင့် ဝင် ရောက်ပြီး၊ ရှောက်မိုင်းယန့်ဆီက (၁) ပိဿာခန့် ဆံ့သည့် ပလပ်စတစ်အကြည်ဘူး၊ (၃) ပိဿာခန့် ဆံ့တဲ့ လက်ကိုင်ကိုင်းပါ ပလပ်စတစ်အကြည် ဘူးများကို ဂျပ်ဖာများတွင်ထည့်၍ သယ်ဆောင်ပြီး ဝင်ရောက်တယ်လို့ သိရှိရပါတယ်။ ၎င်းင်းဆီများကို တရုတ်နိုင်ငံ ဆီစက်များရှိ ဘေးထွက်မြောင်းများမှ ဘေးထွက်ဆီများနဲ့ စားသောက်ဆိုင်များမှ စား<ကင်းစားကျန်များအား စုစည်း၍ ကန်ကြီး များထဲတွင် သိုလှောင်ထားကြပြီးမှ ပြန်လည် ဆယ်ယူ သန့်စင်ထားတဲ့ (Recycle) ပြုလုပ်ထားတဲ့ ဆီများ ဖြစ်တယ်လို့ သိရှိရပါတယ်။ ၎င်းင်းဆီကို မြောင်းဆီကို အလွယ်တကူ ခေါ်ဆိုကြသလို ပြန် လည်သန့်စင်ထားတဲ့ ဒီဆီကို အရောင်ကြည်ရန် အတွက် ချွတ်ဆေးများ အသုံးပြုထားပြီး ဓာတု ပစ္စည်းများနဲ့ ရောစပ်ထားတယ်လို့ သိရှိရပါတယ်။ ၎င်းင်းဆီကို မြေပဲဆီနံ့ထွက်တဲ့ ဓာတုဆေး ထည့် လိုက်ပါက မြေပဲဆီနံ့ထွက်ရှိပြီး၊ အရောင်မှာ မြေပဲဆီကဲ့သို့ ကြည်လင်ပြီး ရာသီဥတု ဘယ် လောက်အေးအေး ဆီမခဲသွားကြောင်း သိရှိရပါ တယ်။  မိမိတို့ငယ်စဉ်က လူကြီးမိဘများ ပြောဆို သည်ကို ကြားဖူးရာတွင် ဆောင်းတွင်းတွင် ဆီမခဲ ပါက ပဲဆီအစစ်ဖြစ်ပြီး၊ ဆီခဲလျှင် စားအုန်းဆီ ဖြစ်သည်ဟု ပြောဆိုကြပါတယ်။ ယခု ၎င်းင်းဆီများ မှာ ရာသီဥတု အေးသော်လည်း ဆီခဲသွားခြင်း မရှိသည့်အတွက် စားသုံးသူများမှ ပဲဆီအစစ်ဟု ထင်မြင်နေကြပါတယ်။  ၎င်းင်းဆီကို အခြားဆီများ နှင့် ရောစပ်ထားခြင်းမရှိဘဲ ဟင်းလျာများ ချက် ပြုတ်ကြော်လှော်ကြည့်ပါက  အမှန်တကယ် ထွက် လာသည့်ဆီနံ့မှာ စိမ်းရွှေရွှေအနံ့လိုလို အောက် သိုးသိုးအနံ့လိုလိုနှင့် အနံ့အသက်မကောင်း ကြောင်း သိရှိရပါတယ်။ ၎င်းင်း တရုတ်ဆီများမှာ တရုတ်နိုင်ငံတွင် (၁) ပိဿာလျှင် မြန်မာငွေ ၁၇၀ဝ မှ ၁၉၀ဝ ကျပ် ပတ်ဝန်းကျင်သာရှိတယ် လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းရှင်တချို့က တာ့တုံးယုံ့နဲ့ ရှောက်မိုင်းယန့်ခေါ် တရုတ်ဆီများနဲ့ ရောနှောထားတဲ့ ဆီများကိုဈေးကွက်ထဲသို့ ထုတ် လုပ် ဖြန့်ဖြူးရောင်းချနေကြပါတယ်။ သို့ဖြစ်၍ တရုတ်နိုင်ငံမှ လိုင်စင်မဲ့ တရားမဝင် ဝင်ရောက် လာတဲ့ တရုတ်ဆီများက စားသုံးရန် သင့်^ မသင့်၊ အရည်အသွေး စံချိန်စံညွှန်းနဲ့ ပတ်သက်၍လည်း မည်သည့်ထောက်ခံချက်မျှ မပါရှိတဲ့အတွက် မိမိတို့နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကို မကြည့် ဘဲ အများပြည်သူအကျိုးအတွက် ၎င်းင်းဆီများကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုဘဲ မှတ်ပုံတင် ထားသည့် အရည်အသွေး စံချိန်စံညွှန်းနှင့် ပတ်သက်၍ အာမခံချက်ရှိသည့် ဆီများကိုသာ စားသုံးသူပြည်သူများ အန္တရာယ်ကင်း ဘေးရှင်း အောင် ဖြန့်ဖြူးရောင်းချသင့်ပါကြောင်း တိုက် တွန်းလိုပါတယ်။
၎င်းင်း တရုတ်ဆီများနဲ့ ပတ်သက်၍ စားသုံး ရန် သင့်^ မသင့်ကို စစ်ဆေးကြည့်သည့်အခါ စားသုံးသင့်တဲ့ ဆီအမျိုးအစား သတ်မှတ်ချက် များနဲ့ ကိုက်ညီမှုမရှိဘဲ၊ စားသုံးသင့်တဲ့ ဆီအမျိုး အစားများထဲမှာ ပါဝင်မှုမရှိသည့် ဆီအဖြစ် သတ် မှတ်ကြောင်းကို ၂၀၁၂ ခုနှစ် မေလ ၇ ရက်ထုတ် Vol 12, No 17, ပါ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့်Commerce ဂျာနယ်တွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရပါတယ်။ စားသုံးရန်မသင့်တဲ့အတွက် ၎င်းင်းတရုတ်ဆီ ခေါ် မြောင်းဆီများမှာ မိမိတို့ရဲ့ပြည်သူများရဲ့ ကျန်းမာ ရေးနဲ့ ပတ်သက်ပြီး ဆိုးကျိုးသာ ဖြစ်ပေါ်စေနိုင်ပြီး၊ မည်သည့်ကောင်းကျိုးမျှပေးနိုင်မည် မဟုတ်ပါ။
တရုတ်နိုင်ငံတွင်လည်း စားသောက်ကုန် ပစ္စည်း ဘေးကင်းလုံခြုံစေရေးအတွက် လွန်ခဲ့တဲ့ (၆)နှစ်လောက်ကတည်းက မြောင်းဆီ ခေါ် စွန့်ပစ်ဆီများ ပြန်လည်ထုတ်ဝေသည့်စက်ရုံများကို ဖျက်စီးစေခဲ့ပြီး၊ လူပေါင်း(၈၀ဝ) ခန့်ကိုလည်း ဖမ်းဆီးခဲ့သည့်အပြင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင်လည်း စွန့်ပစ်ဆီများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချပါက သေဒဏ်အထိ အပြစ်ပေး သွားမှာဖြစ်ကြောင်းကို Chinadaily  သတင်းစာမှာ ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။
မြောင်းဆီကို အသွင်ပြောင်းတဲ့ ပဲဆီဟာ ဈေးနှုန်းသက်သာတာကြောင့် ပြည်သူအများစု ဟာ အဲဒီ အသွင်ပြောင်းဆီတွေကို ဝယ်ယူစားသုံး ခဲ့ကြပါတယ်။
ဒီအတွက် မိမိတို့ပြည်သူများအနေနဲ့လည်း မည်သည့်ကုန်ပစ္စည်းပဲဖြစ်ဖြစ် စားသုံးတော့မယ်၊ အသုံးပြုတော့မယ်ဆိုရင် ဈေးနှုန်းသက်သာတာတစ်ခုတည်းကိုကြည့်၍ ရရှိလာမည့်ဒုက္ခ၊ ဖြစ်ပေါ် လာမည့် ဘေးအန္တရာယ်များကို မျက်ကန်းတစ္ဆေ မကြောက်သလို၊ ဝယ်ယူသုံးစွဲခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်သင့်ပါဘူး။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်နိုင်တဲ့အတွက် စား သုံးသူပြည်သူများအနေနဲ့ လူသားတို့ကို အန္တရာယ်ဖြစ်စေတဲ့ စားသောက်ကုန်၊ ကုန် ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း မပြုဘဲ၊ ရှောင် ကြည်ခြင်းဖြင့်၊ မိမိတို့ရဲ့ လူ့သက်တမ်းကို ရှည်စေ သည့်အပြင် မိမိတို့ရဲ့ မိသားစု၊ မိမိတို့ရဲ့တိုင်းပြည် အတွက် ထိုကဲ့သို့ တရားမဝင် ဝင်ရောက်လာတဲ့ မြောင်းဆီခေါ် တရုတ် စားသုံးဆီများကို ဈေးကွက် ထဲသို့ ဝင်ရောက်မှု မရှိအောင် လုံးဝ ဝယ်ယူသုံး စွဲခြင်းမပြုဖို့ လိုအပ်လှပါတယ်။
ဒါကြောင့်  ပြည်တွင်းက ကုန်သည်လုပ်ငန်း ရှင်များအနေနဲ့လည်း မိမိတို့ရဲ့ အကျိုးစီးပွား တစ်ခုတည်းကိုမကြည့်ဘဲ နိုင်ငံ့အကျိုး၊ အများ ပြည်သူအကျိုးအတွက် တရားမဝင် ဝင်ရောက် လာတဲ့ တရုတ်ဆီများကို တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်းမပြုဘဲ  ရပ်ဆိုင်းသင့်ပြီလို့ အကြံပြု လိုပါတယ်။ ယခုအချိန်မှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူ ပြည်သူ များအတွက် အရေးအကြီးဆုံးဖြစ်သည့် တရား မဝင် ဝင်ရောက်လာတဲ့ အရည်အသွေး စံချိန် စံညွှန်းနဲ့ ပတ်သက်ပြီး မည်သည့်ထောက်ခံချက်မျှ မပါရှိတဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း များကို သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းပြီး လိုက်လံ စစ်ဆေးအရေးယူဆောင်ရွက်နေပါပြီ။
ပြည်သူလူထုတစ်ရပ်လုံးကလည်း အနာဂတ် နိုင်ငံတော်အတွက် လုပ်ဆောင်နေတဲ့ စားသုံးသူ ရေးရာ ဦးစီးဌာနနဲ့အတူ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General