မောင်တော ကုန်သွယ်ရေးစခန်းမှ သြဂုတ်လကုန်သွယ်မှု ဆောင်ရွက်ချက် လျာထားချက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၃သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ဝ၀၅သန်း၊ စုစု ပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၈သန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ သြဂုတ်လအတွက် ကုန်သွယ်မှု လျာထားချက်မှာ အမေ ရိကန်ဒေါ်လာ သုညဒသမ ၇၀ဝသန်း ဖြစ်၍ လျာထားချက်အပေါ် ၈၁ ရာခိုင် နှုန်းကျော်အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။
မောင်တော ကုန်သွယ်ရေးစခန်း ၏ အဓိက တင်ပို့သော ပို့ကုန်ပစ္စည်း အုပ်စုမှာ လယ်ယာထွက်ကုန်၊ ရေထွက်၊ သစ်တောထွက်နဲ့  စက်မှုကုန်ချောတို့ ဖြစ်ပြီး၊ လဲမှို့ (အစေ့ပါ)၊ ချင်းစို၊ ဒညင်း သီး၊ နနွင်းတက်၊ ငါးနီတူခြောက်၊ ငါးစုံ လေးခြောက်၊ ရေငန်ပုစွန်၊ ငါးသလောက်၊ ငါးမြစ်ချင်း၊ ဆီးယိုထုပ်၊ ထွန်းရွှေဝါနှင့် သနပ်ခါးခဲများ တင်ပို့ခဲ့သည်။ သွင်း ကုန်တွင် ရေတုံကင်၊ ဒန်ရေတကောင်း၊ တီရှပ်၊ လူကြီးစီးဖိနပ်၊ ပလပ်စတစ်ပုံး၊ စွပ်ကျယ်ပိတ်စနှင့် ကလေးစီးဖိနပ်များ တင်သွင်းနိုင်ခဲ့ပါသည်။
ကာလတူဖြစ်သော ၂၀၁၅ ခုနှစ်  သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်း ပိုမိုခဲ့ကြောင်း၊ ပိုမို ရခြင်းမှာ လယ်ယာထွက်ကုန် ပစ္စည်း ဖြစ်သည့် ချင်းစို ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ ကာလတူတွင် တင်ပို့နိုင်ခြင်း မရှိခဲ့သော နနွင်းတက်၊ ဒညင်းသီးတို့ကိုပါ တင်ပို့ နိုင်ခဲ့ခြင်း၊ ရေထွက်ကုန် ငါးစုံလေး ခြောက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း၊ ကာလတူ တွင် တင်ပို့နိုင်ခြင်း မရှိခဲ့သော ငါးသ လောက်၊ ငါးမြစ်ချင်းတို့ တင်ပို့နိုင်ခဲ့ခြင်း၊ သစ်တောထွက်ကုန်တွင် ဝါးလုံးကြီး တင်ပို့နိုင်ခဲ့ခြင်းနှင့် စက်မှုကုန်ချော အုပ်စုတွင် ဆီးယိုထုပ်၊ သနပ်ခါးခဲ၊ ထွန်းရွှေဝါတို့ ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း၊ သွင်းကုန်တင်သွင်းမှုတွင် လည်း လူသုံးကုန်ပစ္စည်း ပလပ်စတစ်ပုံး၊ ဒန်ရေတကောင်း တို့ ပိုမိုတင်သွင်းနိုင် ခဲ့ပြီး ကာလတူတွင် တင်သွင်းနိုင်ခြင်း မရှိခဲ့သော စွပ်ကျယ်ပိတ်စ၊ ရေတုံကင် တို့ တင်သွင်းနိုင်ခဲ့သဖြင့် ကာလတူ ထက် ပိုမိုရခြင်းဖြစ်ကြောင်း သုံးသပ် ရရှိပါသည်။
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏလျာထားချက် ပြည့် မီရေးအတွက် အဓိက ပို့ကုန်ဖြစ်သော ရေငန်ပုစွန်၊ ငါးသလောက်၊ ငါးမြစ်ချင်း နှင့် ငါးခြောက်များ ပိုမိုတင်ပို့နိုင်ရန် လည်းကောင်း၊ သစ်တောထွက်ကုန် ဝါးလုံးကြီး၊ ဝါးလုံးသေးနှင့် ကြိမ်များ ပိုမိုတင်ပို့နိုင်ရန်လည်းကောင်း၊ လယ်ယာ ထွက်ကုန် ချင်း၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ လဲမှို့၊ ဒညင်းသီး၊ နနွင်းတက် ပိုမို တင်ပို့နိုင်ရန်လည်း ကောင်း၊ မိမိဒေသရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များ၊ မိတ်ဖက်ဌာနများ၊ ကုန်သည် လုပ်ငန်း ရှင်များ၊ မောင်တော နယ်စပ်ရှိ ကုန်သွယ် ရေး ကုန်သည်များအသင်း၊ oss ဌာန များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မောင်တော ကုန်သွယ် ရေးစခန်းမှ သတင်းရရှိပါသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General