ဧရာဝတီတိုင်းဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်စိုက်ပျိုးရေးဦးစီးဌာနနဲ့JICA အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်  မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် အဓိက အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စနစ်တကျ မျိုးစေ့ ထုတ်လုပ်ငန်း (Seed Products)  အရည် အသွေးပြည့်မီသော စပါးမျိုးစေ့ထုတ် လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ် ဖွံ့ဖြိုးရေး စီမံ ကိန်းကို တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရန် ရည်ရွယ်လျက် မြန်မာ့ စိုက်ပျိုး ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဂျပန်နိုင်ငJICAအဖွဲ့တို့ ပူးပေါင်း၍ တိုင်းဒေသကြီးဦးစီးမှူးရုံးနဲ့ မြို့နယ်များ တွင် မျိုးစေ့တာဝန်ခံများနဲ့ ဒေသခံ တောင်သူများအား နည်းပညာပေး သင် တန်းအပြင် ကွင်းဆင်းလက်တွေ့ သရုပ် ပြခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တိုင်းဒေသ ကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
တောင်သူများရဲ့စိုက်ပျိုးရေးထွက်ကုန်များစံချိန်စံညွှန်းနဲ့ကိုက်ညီမှုရှိစေ ရေး၊စားသုံးမှုအရည်အသွေး ကောင်းမွန်၍အထွက်နှုန်းကောင်းပြီး၊
 ဈေးကွက် သေချာတဲ့ မျိုးကောင်းမျိုးသန့်များ၊  စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအဆင့်တိုင်းတွင် စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများကို စနစ်တကျ လိုက်နာကျင့်သုံးတတ်စေရန်သာမက ပြည်ပဈေးကွက်ဝေစု ကျယ်ပြန့်လာပြီး၊ တောင်သူအကျိုး၊ နိုင်ငံတော်အကျိုး စီးပွားနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်း များ ပိုမိုဖွံ့ဖြိုးလာစေရေး၊ ကျေးလက်လူမှု ဘဝမြင့်မားလာပြီး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ ပြည်ပဝင်ငွေပိုမိုရရှိရေး တို့အပြင် မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အရှိန်အဟုန် မြင်မားလာစေရန်အတွက်  ပြည်ပနိုင်ငံများနဲ့ ယခုလို ချိတ်ဆက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဦးစိန်မောင်မြင့်က ပြောပါတယ်။အရည်အသွေးပြည့်မီတဲ့ စပါး မျိုးစေ့ ထုတ်လုပ်မှုဆိုတာက မျိုးစေ့ အဆင့်အလိုက် သတ်မှတ်ထားတဲ့ အရည်အသွေး၊ စံချိန်စံညွှန်းများနဲ့ကိုက် ညီတဲ့ သီးနှံရဲ့ မူလမျိုးရိုးဗီဇနဲ့ ရုပ်သွင် များ ထပ်တူထပ်မျှ ရရှိအောင် စနစ်တကျ ထိန်းသိမ်းထုတ်လုပ်၍ စားသုံးရန် ရည် ရွယ်ကာ ထုတ်လုပ်ရရှိတဲ့ သီးနှံကို ဆိုလိုတာဖြစ်ကြောင်း၊ မျိုးစေ့ကို ဆားရေ စိမ်ခြင်း၊ အပင်ပေါက်နှုန်းစမ်းသပ်ခြင်း၊ စနစ်တကျ ပျိုးထောင်ခြင်းတို့အပြင် ကွင်းဆင်းစစ်ဆေးခြင်းရဲ့ အဓိပ္ပာယ်၊ အရေးပါမှု၊ ရည်ရွယ်ချက်များ အပြင် မျိုးကွဲအပင်များခွဲခြားရန်၊ ပေါင်းပင် များတွင် သတ်မှတ်ရောဂါ ကျရောက်တဲ့ အပင်များ၊ အခြားပြဿနာများကို ကွင်း ဆင်းစစ်ဆေးမှ သိရှိနိုင်မည် ဖြစ်ကြောင်း၊ ကွင်းဆင်းစစ်ဆေးခြင်းသည် မျိုးစေ့ ထောက်ခံချက်ပေးသော စနစ်တွင်
အရေး ကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်ပြီး သီးနှံမျိုးစေ့ မှန်မှုကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူပြု၍ ကွင်းဆင်းစစ်ဆေး ခြင်းသည် မျိုးစေ့ထုတ်လုပ်ငန်းတွင်
ပထမဦးစားပေးလုပ်ဆောင်ရမည့် လုပ် ငန်းတစ်ခုလည်းဖြစ်ကြောင်း၊ မျိုးစေ့ နမူနာယူခြင်း၊ မျိုးစေ့စစ်ခြင်း၊ မျိုးစေ့ ထောက်ခံချက်ပေးခြင်းအပြင် အရည် အသွေးစစ်ဆေးခြင်းရဲ့ စံချိန်စံညွှန်းများ ကွင်းဆင်းစစ်ဆေးတဲ့ နမူနာပုံစံ၊ လိုအပ် တဲ့ ပစ္စည်းများ မှတ်တမ်းရယူခြင်းနဲ့ အစီရင်ခံခြင်းတို့ကို စနစ်တကျ ဆောင် ရွက်ရမှာဖြစ်ကြောင်း၊ မျိုးစေ့ထုတ်လုပ် ရာတွင် မြေနေရာရွေးချယ်ခြင်း၊ မျိုးစေ့ ရွေးချယ်ခြင်း၊ မျိုးမှန်မြေမှန်ဖို့လည်း အဓိကလိုအပ်ကြောင်း ခရိုင် မန်နေဂျာ ဦးစိန်မောင်မြင့်က ထပ်မံပြောကြားပါ တယ်။အဆိုပါနည်းပညာပေး သင်တန်း သို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရှိ မျိုးစေ့တာဝန်ခံ တိုင်းရုံးမှ ဝန်ထမ်းငါးဦး၊ ခရိုင်မှ ဝန်ထမ်း ခြောက် ဦး၊ မြို့နယ်မှ ၂၆ ဦး၊ မြို့နယ်ခွဲမှ ခြောက် ဦးကို တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စာတွေ့နဲ့ သရက်ချောင်း စိုက်ပျိုးရေး  မျိုးသန့်ခြံတွင် လက်တွေ့သင်ကြားပေး ပြီး မြို့နယ်များရှိ ဒေသခံတောင်သူများကို ပြန်လည်ဆင့်ပွားသင်တန်းများ ပြုလုပ် ပေးလျက်ရှိကြောင်း သိရပါတယ်။ ဧရာ ဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များ၌ တစ်မြို့နယ်လျှင် ဧက ၅၀ တွင် စနစ်တကျ မျိုးစေ့ထုတ်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ တောင် သူ ဦးအောင်သိန်းရဲ့ စီးပွားဖြစ် မျိုးစေ့ ထုတ် ဆင်းသုခစပါး လေးဧက စိုက်ခင်း တွင်ပင်ပွားစုံချိန် ပထမအကြိမ်  မျိုးကွဲ ပယ်ခြင်းကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လဆန်း ပိုင်းက ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန (မျိုးစေ့ဌာန) ရုံးချုပ်၊ နေပြည်တော်မှ ပညာရှင်များ၊ ဂျပန်နိုင်ငံJICA  အဖွဲ့အစည်းမှ ဌာနေ ကိုယ်စားလှယ်များရဲ့  တိုင်းခရိုင်အတွင်း ရှိ မျိုးစေ့တာဝန်ခံများ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးထွန်းအောင် ကျော်၊ ဒုတိယတိုင်း ဦးစီးမှူး ဦးဋ္ဌေးလွင်၊ ပုသိမ်ခရိုင် ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး များ တက်ရောက်ခဲ့ပြီး၊ ဒုတိယအဆင့်နဲ့ တတိယအဆင့်  မျိုးကွဲပယ်ခြင်းများကို လည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပုသိမ်ခရိုင်နဲ့ မြို့နယ် အသီးသီးတွင် ဆောင်ရွက်ထားရှိတဲ့ စီးပွားဖြစ်မျိုးသန့်မျိုးပွား စိုက်ခင်းများ တွင်လည်း သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ မြို့နယ်မျိုးစေ့တာဝန်ခံများက ဒေသခံ တောင်သူများနဲ့ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါတယ်။ကျော်ဋ္ဌေး (ဟင်္သာတ)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General