ရော်ဘာဈေးနှုန်းအတက်အကျအနည်းငယ်နဲ့ ဈေးငြိမ်လျက်ရှိ

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ သြဂုတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀၁ သန်းတန်ဖိုးရှိ ရော်ဘာ ၁၃၁၉ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ မူဆယ် (၁၀၅) မိုင်မRSS-3 ၈၇၉ တန်ကျော်၊MSR -50  ၃၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ MSR-20၃၃၂ တန်ကျော်နဲ့RSS-3 ၆၉ တန်တင်ပို့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်နဲ့ ချင်းရွှေဟော်မှ ရော်ဘာ ၉၁၈ တန်ကျော်သာ တင်ပို့ခဲ့ ပြီး ယခုတစ်ပတ်မှာ ၄၀၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက်ဈေးမှာRSS-3 တစ်တန်ကို ၁၅၀၄၄၈၈ ကျပ်ဖြစ်တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်တန်ကို ၁၃၄၉ ကျပ်ပိုမိုရရှိခဲ့တဲ့အတွက်  ဈေးနှုန်း အတက် အကျ သိပ်မပြောင်းလဲဘူးလို့ ဆိုရပါမယ်။ ဒေသပေါက်ဈေးအနေနဲ့ မော်လမြိုင်မှာ RSS 3 တစ်တန်ကို ၁၄ ဒသမ ၁၅ ကျပ်သိန်းနဲ့ RSS 5 တစ်တန်ကို ကျပ် ၁၁ ဒသမ ၉၄ သိန်းရှိပါတယ်။
    ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ သြဂုတ် ၂၁ မှ ၂၇ ရက်အထိ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၄၁ သန်းတန်ဖိုးရှိ ရော်ဘာတန် ၄၆၀ ခန့်တင်ပို့ခဲ့ပါတယ်။ မလေးရှားနိုင်ငံသို့RSS 3တန် ၃၀ဝ၊  RSS 1 ၁၈ တန်နဲ့ MSR 3(L) ၂၁ တန်၊ ကိုရီးယား နိုင်ငံသို့MSR 20 TSR၁၀၁ တန်နီးပါး၊ အိန္ဒိယနိုင်ငံသိုMSR 10 တန် ၂၀ ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုနဲ့  နှိုင်းယှဉ်ပါက ၇၈၁ တန်လျော့နည်းခဲ့ပါတယ်။
    ယခုတစ်ပတ်မှာ နိုင်ငံတကာ ရော်ဘာပေါက်ဈေး အတက်အကျအနည်းငယ်သာရှိပါတယ်။ ပြည်ပပို့မယ့် မြန်မာ့ ရော်ဘာဈေးကိုလည်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ် လုပ်သူများအသင်းက ယခင်တစ်ပတ်အတိုင်း ဈေးနှုန်း ထုတ်ပြန် ထားပါတယ်။ ရော်ဘာဈေး အတက်အကျမကြမ်းဘဲ ဈေးငြိမ်နေတာ သုံးပတ်ခန့်ရှိနေပြီဖြစ်ပါတယ်။ယဉ်ယဉ်အေး
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General