*ဖရဲ၊ သခွားကဏ္ဍမှ အစပြု၍ဖွံ့ ဖြိုးတိုးတက်မှုဆီသို့ပြိုင်တူတွန်း၍ ရွေ့ ကြစို့*

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံက စိုက်ပျိုး ထွက်ရှိတဲ့ဖရဲသီး၊ သခွားသီးစတဲ့ သစ်သီး ဝလံ တွေကို နှစ်ခြိုက်စွာ ဝယ်ယူစားသုံးနေတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီလို ဝယ်ယူစားသုံးတဲ့ ပမာဏများပြားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာရှိတဲ့ ဖရဲ၊ သခွားမွှေးစိုက်ပျိုးကြတဲ့တောင်သူတွေဟာ လည်း ဝင်ငွေတွေတိုးသည်ထက် တိုးလာတာ မျက်မြင်ကိုယ်တွေ့ပါပဲ။
ဒါပေမယ့်လည်း အကောင်းရှိလျှင် အဆိုး ရှိစမြဲဆိုတဲ့  စကားလို  ဖရဲ၊  သခွားမွှေးတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးပြီး ဝယ်နေတယ် ဆိုတဲ့သတင်းစကားကြောင့် မြန်မာနိုင်ငံတွင်းက ဖရဲ၊ သခွားမွှေးစိုက်ပျိုးကြတဲ့တောင်သူတွေဟာ သတင်းရင်းမြစ်ကိုသေချာ တိကျစွာ မစုံစမ်းကြဘဲ ဖရဲ၊ သခွားတွေကို အလုံးအရင်းနဲ့စိုက်ပျိုးလာ ခဲ့ကြပါတယ်။ ဒါ့အပြင် တချို့သောတောင်သူတွေ ဟာ စိုက်နည်းမမှန်၊ ခူးဆွတ်ချိန်မတန်၊ မသမာတဲ့ နည်းနဲ့တင်ပို့ စတဲ့မကောင်းတဲ့နည်းလမ်းတွေနဲ့ တင်ပို့ကြပါသေးတယ်၊ဈေးကောင်းရတယ်၊အဝယ် လိုက်တယ် စတဲ့သတင်းစကားတွေကြောင့်   သူ့ ထက်ငါ ဈေးကွက်ဦးအောင် အချိန်မတိုင်မီ ခူး ဆွတ်ကာတင်ပို့ခဲ့ကြတဲ့အတွက် အကျိုးထက် အဆိုးသာ အများအပြားရခဲ့ကြတာကို ဖရဲ၊ သခွား စိုက်ပျိုးတင်ပို့ကြတဲ့ တောင်သူတိုင်းသိရှိကြလိမ့် မယ်လို့ ထင်ပါတယ်။
အဲဒါတွေရဲ့အကျိုးဆက်ကတော့ တစ်ဖက် နိုင်ငံက သစ်သီးကုန်သည်တွေ၊ သစ်သီးပွဲစားတွေ ရဲ့ဈေးနှိမ်မှု၊ တစ်ဖက်သတ်ဆန်မှုတွေကို မြန်မာ နိုင်ငံက မှန်ကန်တဲ့ကုန်သည်တွေရော၊ မမှန်ကန် တဲ့သူတွေပါ မျှဝေခံစားနေကြရတာပါ။
ဒါ့အပြင်  သစ်သီးများရဲ့အရည်အသွေး မပြည့်ဝခြင်း၊    သစ်သီးကုန်တင်ကားအတွင်း သတ်မှတ်အလုံးရေထက်လျော့ပြီး   တင်ဆောင် ထားခြင်း၊ သစ်သီးထည့်သွင်းတင်ဆောင်ပုံနည်း စနစ်မမှန်ခြင်း စတဲ့အချက်တွေကြောင့် သစ်သီး ပျက်စီးခြင်းများနဲ့ ရင်ဆိုင်ခဲ့ကြရသလို  တစ်ဖက် နိုင်ငံက ကုန်သည်တွေရဲ့ဈေးနှိမ်ဝယ်ယူခြင်းများနဲ့လည်း ကြုံ တွေ့ခဲ့ကြရတာ သိကြမယ်လို့ ထင်မိပါ တယ်။
ပိုပြီးဆိုးတဲ့အချက်က     တစ်ဖက်နိုင်ငံရဲ့ ဈေးကွက်ကို မစုံစမ်းဘဲ အရမ်းကာရောစိုက်ပျိုးပြီး အရမ်းကာရော   တင်ပို့နေကြတဲ့    ကိစ္စတွေပါပဲ။ တရုတ်နိုင်ငံဟာ  ဆောင်းရာသီမှာ  အရမ်းကို အေးတဲ့နိုင်ငံတစ် နိုင်ငံဖြစ်ပါတယ်။   အဲဒီလို အေးတဲ့ရာသီမှာ သူတို့နိုင်ငံသားတွေဟာ  ဖရဲသီး၊ သခွားသီးတွေကို သိပ်ပြီးမစားကြတော့ပါဘူး။ အဲဒီအချိန်ဟာ ဖရဲသီး၊ သခွားသီးတွေ တင်ပို့မှု နည်းပါးတဲ့အချိန်လည်းဖြစ်ပါ တယ်။ ဒီအချက်ကို မြန်မာနိုင်ငံက တချို့သောတောင်သူတွေဟာ မသိ ရှိကြတဲ့အတွက် အချိန်ရာသီကို မကြည့်ဘဲစိုက် ပျိုးကြတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေနဲ့သာ ကြုံ နေကြရတာဖြစ်ပါတယ်။
အဲဒီလိုဖြစ်ရပ်တွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်  ၂၄ ရက်က  မူဆယ်မြို့ရှိ    မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်ရဲ့  သစ်သီးဝလံကုန်စည်ဒိုင်မှာ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူ လုပ်ငန်းရှင်များနှင့်   ပွဲရုံပိုင်ရှင်များရဲ့  နှီးနှော ဖလှယ်ပွဲ (ဝါ)ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ကြ ပါတယ်။
အဲဒီဆွေးနွေးပွဲကို မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ တာဝန်ရှိသူတွေအပြင်ဌာန ဆိုင် ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သစ် သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်နှင့် တာဝန်ရှိသူများWinrock Inter-national မှ တာဝန်ရှိသူများ၊ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်မှ တာဝန်ရှိသူများ၊ ပွဲရုံလုပ်ငန်းရှင် များ၊ အကျိုးဆောင် ကိုယ်စားလှယ်များ၊ ကုန်သည် များ၊ မုံရွာ၊ စစ်ကိုင်း၊ ဘုတလင်၊ ချောင်းဦး၊ မြောင်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ မိတ္ထီလာ၊ သပိတ် ကျင်း၊ တပ်ကုန်း၊ တောင်ငူ၊ ပဲခူး၊ ညောင်လေးပင် စသည့်မြို့နယ်တို့မှ ဖရဲသခွား စိုက်ပျိုးသူများ၊ ထုတ်လုပ်သူများ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီနှီးနှောဖလှယ်ပွဲမှာ တက်ရောက်လာကြ တဲ့ပုဂ္ဂိုလ်အသီးသီးက ကဏ္ဍအလိုက်ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၁၀ ဦးနဲ့ တင်ပို့ရောင်းချသူ ငါးဦးတို့က  ဖရဲ၊ သခွားတင်ပို့ရောင်းချသူများအပေါ် ကြိုတင် ဝင်ငွေခွန် ကောက်ခံခြင်းသည် အမိန့်ညွှန်ကြား ချက်အရ ကောက်ခံခြင်းဟုတ်၊ မဟုတ်နှင့် ပယ် ဖျက်ပေးရန်။
တောင်သူများ ဝင်ငွေခွန် ပေးဆောင်နေရ သည့်အပေါ် ငွေဖြူအဖြစ် သတ်မှတ်ရရှိရန် ပွဲရုံ များ၏ အကျိုးဆောင်ခကို  လက်ရှိ ငါးရာခိုင်နှုန်း ပေးဆောင်နေရသည်မှ   သုံးရာခိုင်နှုန်းအဖြစ် လျော့ချပေးရန်၊  ငွေလွှဲနှုန်း  သတ်မှတ်ပေးရန်၊
 စိုက်ပျိုးထုတ်လုပ်တင်ပို့သည့်တောင်သူ၊  ကုန်သည် ပွဲစားနှင့် ဝယ်သူများ၊ ဈေးနှုန်း ညှိနှိုင်း သတ်မှတ်မှု ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ မူဆယ် (၁၀၅) မိုင်တွင် နှစ်ဖက်သဘောတူ ရောင်းဝယ်မှုအတိုင်း အပြောင်းအလဲမရှိ တစ်ဖက်နိုင်ငံတွင် ဆောင်ရွက် ရန်၊ ဖရဲ၊ သခွား တင်ပို့ရောင်းချမှုတွင် တစ်တန် လျှင် ကီလိုဂရမ် ၂၀ အပိုဆောင်းပေးရမှုကို ပယ် ဖျက်ပေးရန်၊   အရောင်းအဝယ်ပျက်ပြယ်ပါကစိုက် ပျိုးထုတ်လုပ်သူ   တောင်သူများ  များစွာထိခိုက် ဆုံးရှုံးသဖြင့် နစ်နာကြေးအဖြစ် အရောင်းအဝယ် ဖြစ်ပြီး တန်ဖိုး၏  ၅၀ ရာခိုင်နှုန်းပေးလျော်စေရန်၊ ကုန်ပစ္စည်းချိန်းပြောင်းသယ်ဆောင်မှု  အချိန်သတ် မှတ်ချက် သုံးရက်မှ နှစ်ရက်သို့ လျော့ချပေးရန်၊ စံချိန်စံညွှန်းသတ်မှတ်၍ ရောင်းချကုန်သွယ်မှုမရှိ သည့်အတွက် စံချိန် စံညွှန်းသတ်မှတ်ရန်၊ စံချိန် စံညွှန်းသတ်မှတ်မှု ပြီးစီးပါက ထိန်းသိမ်း ကြီးကြပ် မည့်အဖွဲ့အစည်း ထူထောင်ရန်၊  စံချိန်စံညွှန်းပြည့်မီ သော လမ်းတံတားများ တည်ဆောက်ပေးနိုင်ရေး ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့တင်ပြရန်၊ ဖရဲ၊ သခွား စိုက်ခင်းအတွင်း ရေသွင်းပြီး တစ်ရက် နှစ်ရက် အတွင်း ဆွတ်ခူးမှု ပြုလုပ်သဖြင့် မလိုလားအပ်ဘဲ ဖရဲအရည်အသွေး  ပျက်စီးပါသဖြင့် အနည်းဆုံး လေးရက်ခန့် ကြာမြင့်မှသာ ဆွတ်ခူးမှုပြုလုပ်ရန်၊ သတ်မှတ်ရက်မပြည့်သည့် ဖရဲ၊ သခွားသီးအနုများ အား ဆွတ်ခူးမှု ပြုလုပ်သဖြင့် ဖရဲဈေးကွက်ပျက် သည်အထိ တွေ့ကြုံရသဖြင့် သတ်မှတ်ရက်ပြည့်မှ ဆွတ်ခူးရန်။
ယာဉ်ပေါ်သို့ဖရဲ၊ သခွားသီးများ တင်ဆောင် ရာတွင် လိမ်ညာမှုမရှိဘဲ သမာသမတ်ကျကျ တင် ဆောင်ပေးရန်၊  ဖရဲ၊ သခွားသီးများ ဆွတ်ခူးရာတွင် အရည်အသွေးအရွယ်အစား တန်းတူဖြစ်စေရေး အထူး အလေးထား ဆွတ်ခူးရန်၊ ဖရဲသခွားအသီး များကို နေပူချိန်တွင် ဆွတ်ခူးပြီး ကားပေါ်တွင် မိုးကာအုပ်အလုံပိတ် သယ်ဆောင်ခြင်းဖြင့် အပူ လောင်ကာ ကုန်ပစ္စည်းများ ပျက်စီးတတ်သဖြင့် နေ့လယ် ၁၁  နာရီအချိန် ဆွတ်ခူးပြီး ညအချိန်မှ ကုန်တင်ယာဉ်ပေါ်သို့ တင်ဆောင်ရန်၊   ရောင်းချ ရန် တာဝန်ယူထားသော ပွဲရုံများအနေဖြင့် တောင်သူ များ အသီးဆွတ်ခူးရန် ပြောကြားရာတွင် ရက်ပြည့် မပြည့်၊ ရေသွင်းရက်၊ ရေဖြတ်ရက်၊ ခူးဆွတ်မည့် သစ်သီး အခြေအနေ၊ တင်ပို့လာမည့်လမ်းကြောင်း အနေအထားစသည် တို့အား အဆက်မပြတ် စုံစမ်း ရန်။ တစ်ဖက်နိုင်ငံသို့ ကုန်ပစ္စည်းများ ရောင်းချရာ တွင် ပွဲရုံများမှ မိမိ၏ကုန်ပစ္စည်းအပေါ် အာမခံချက် ဖြင့် ရောင်းချရန်။
စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသည့် တောင်သူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ ပွဲရုံများ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်း၊ ကိုယ် စားလှယ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း၊ ကုန်ဝယ်သည့်သူများ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း စသည်တို့ကို စနစ်တကျ ရေးဆွဲချမှတ် ရန်။
တစ်ဖက်နိုင်ငံမှ လာရောက် ဝယ်ယူသူများ အပေါ် ကုန်စည်ဒိုင်မှ စနစ်တကျ မှတ်တမ်း ထားရှိ ရမည်ဖြစ်ပြီး လာရောက် ဝယ်ယူသူများကို ကြိုတင် အာမခံကြေးငွေ သတ်မှတ်လက်ခံရန်၊ စိုက်ပျိုး ထုတ်လုပ်တင်ပို့နေသည့် တောင်သူများ အတွက် နည်းပညာနှင့် လိုအပ်သော အထောက်အကူ ပစ္စည်းပံ့ပိုးပေးရန်၊ မျိုးကောင်းမျိုးသန့်များ စိုက် ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် စတဲ့အချက် တွေကို ဆွေးနွေးခဲ့ကြပါတယ်။
သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူလုပ်ငန်းရှင်များရဲ့  မေးမြန်းတင်ပြချက်များကိုတက်ရောက်လာကြတဲ့ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူအသီးသီးက ပြန်လည် ဖြေကြားရာမှာ
သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်း ချသူလုပ်ငန်းရှင်များရဲ့ မေးမြန်းချက်များကို မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ ပြည်တွင်း အခွန်များဦးစီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိ အရာထမ်းများ၊ သစ်သီးဝလံကုန်စည်ဒိုင် တို့မှ တာဝန်ရှိသူများက အောက်ပါအတိုင်း ပြန်လည်ဖြေကြားညှိနှိုင်းနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ညွှန်ကြားချက် ချမှတ်ထားသည့်အတိုင်းကောက်ခံ ခြင်းဖြစ်၍   ပယ်ဖျက်ပေးနိုင်ရန်   သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့     တင်ပြတောင်းခံမည်။ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းထား သော ဝင်ငွေခွန်များကို စာရင်းရုံးမှ နှစ်ချုပ်စာရင်း ပြုစု၍ ထည့်သွင်းဆောင်ရွက်မှသာ ငွေဖြူအဖြစ် သတ်မှတ်၍ ဖရဲ၊ သခွား တင်ပို့သူများအနေဖြင့် ကုမ္ပဏီ၏ အမည်ဖြင့်သာ ဝင်ငွေခွန်ပေးသွင်းခြင်း ဆောင်ရွက်နေသဖြင့် ငွေဖြူမရရှိနိုင်ကြောင်း၊ ဝင်ငွေခွန်ကောက်ခံရာတွင် အကောက်ခွန် ဦးစီး ဌာန၊ ပို့ကုန်ကြေငြာလွှာ ပေါ်တွင်ရေးသားထား သည့်အမည်ကိုသာ ဝင်ငွေခွန် ကောက်ခံသဖြင့် စိုက်ပျိုးထုတ်လုပ် တင်ပို့သူများမှ ဝင်ငွေခွန်ပေး ဆောင်ခြင်း စာရင်းမပေါ်သဖြင့် ဝင်ငွေမရရှိနိုင် ကြောင်း၊ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်ကတ် (Individual Trading Card)၊ ကျေးရွာအလိုက် (သို့) မြို့နယ်အစုအဖွဲ့အလိုက် သမဝါယမ အသင်း စုငယ်များ တည်ထောင်၍ ပို့ကုန် ကြေညာလွှာ ဖွင့် လှစ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့်အား ကုမ္ပဏီကိုယ်စားလှယ်က ဆောင် ရွက်ပေးမည်။
ပွဲရုံများ၏ အကျိုးဆောင်ခကိုလက်ရှိ အမြင့် ဆုံး ငါးရာခိုင်နှုန်း သတ်မှတ်ခြင်းဖြစ်ပြီး တင်ပို့ ရောင်းချသူနှင့် ပွဲရုံအဆင်ပြေပါက သတ်မှတ်နှုန်း
နှုန်းအတွက် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် မြန်မာကျပ်ငွေ၊ တရုတ် ယွမ်ငွေ ဖြင့် ကုန်ပစ္စည်း တင်ပို့ရောင်းချသူ အလိုကျ ပွဲရုံများမှ စီစဉ်ဆောင် ရွက်ပေးမည်။ တစ်ဖက်နိုင်ငံ ဝယ်လက်များ၏ ပစ္စည်း လိုအပ်ချက် ရှိ၊ မရှိပေါ် မူတည်၍ ဈေးနှုန်း တည်ငြိမ်စွာ ဖွင့်လှစ်၍ ဝယ်ယူမှုမရှိခြင်း၊ ကုန် ပစ္စည်း အရည်အသွေး ပြောင်းလဲသဖြင့် ဈေးနှုန်း ပြောင်းလဲသွားခြင်းတို့ကြောင့် ပွင့်လင်းမြင်သာ သောဈေးနှုန်းရရှိရန် ပူးပေါင်း၍ လိုအပ်ချက်များ အပြန်အလှန် ဆွေးနွေးဆောင်ရွက်သွားမည်။ တစ်ဖက်နိုင်ငံသို့ ကုန်ပစ္စည်း ရောက်ရှိချိန် တွင် ကုန်ပစ္စည်းများ၏ အရည်အသွေးပြောင်းလဲ သွားခြင်း၊ ကုန်ပစ္စည်း အနာအဆာများ များပြား လာခြင်း၊ သတ်မှတ်တန်ချိန် လျော့နည်းသွားခြင်း၊ စီးပွားရေး ကျင့်ဝတ်ဖောက် ဖျက်မှုများရှိနေခြင်း တို့အား နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်သွားမည်။ ယခင်ရှေး အစဉ်အလာအရ ရောင်းသူဘက်မှ ဝယ်သူကို အပိုပေးရသည့် အလေ့အထရှိ နေပါ၍ တစ်ဖက် တရုတ်နိုင်ငံတွင် ကျင်းပမည့် ဖရဲ၊ သခွား ဝယ်သူများနှင့် နှီးနှောဖလှယ်ပွဲတွင် အဆိုပါ ကိစ္စ ရပ်ကို ထည့်သွင်းဆွေးနွေးမည်။ အရောင်းအဝယ် ပျက်ပြယ်မှု နစ်နာကြေး ၅၀ ရာခိုင်နှုန်းရရှိရေးကို တစ်ဖက်တရုတ်နိုင်ငံတွင် ကျင်းပသည့် ဖရဲ၊ သခွား ဝယ်သူများနှင့် နှီးနှောဖလှယ်ပွဲတွင် အဆိုပါကိစ္စ ရပ်ကို ထည့်သွင်း ဆွေးနွေးမည်။ ကုန်ပစ္စည်း ချိန်ပြောင်းသယ်ဆောင်မှု  အချိန်သတ်မှတ်ချက် သည်  (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဝမ်တိန်ကုန်ချ ကွင်းသို့ သွားရောက်သည့် ကြာမြင့်ချိန် တစ်ရက် ထည့်သွင်းသတ်မှတ်ခြင်း ဖြစ်၍ ယခုလုပ်ဆောင်မှု အတိုင်း ဆက်လက်ဆောင်ရွက်မည်။Winrock International  ၏ အကူအညီရယူပြီး အမေရိကန်မှ ပညာရှင်ကို ခေါ်ယူ၍ စံချိန်စံညွှန်း သတ်မှတ်ရန် ဆောင်ရွက်မည်။
စံချိန်စံညွှန်း ထိန်းသိမ်းကြီးကြပ်မည့် အဖွဲ့ အစည်းအား စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည် ပွဲစား၊ ဝယ်ယူသူများမပါဝင်ဘဲ သမာသမတ် ကျစွာဖြေရှင်း နိုင်သော ပုဂ္ဂိုလ်များကို ထည့်သွင်း ဖွဲ့စည်းမည်။ စံချိန်စံညွှန်းပြည့်မီသော လမ်းတံတားများ တည် ဆောက်ပေးနိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့မူဆယ်(၁၀၅)မိုင် ကုန်စည်ဒိုင်က ဦးဆောင်၍ တင်ပြမည်။
ဖရဲ၊ သခွား ဆွတ်ခူးမှုဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများမှ အနည်း ဆုံး လေးရက်ခန့်ကြာမြင့်မှသာ ဆွတ်ခူးမှုပြုလုပ် မည်။ သတ်မှတ်ရက်ပြည့်မှသာ ဖရဲ၊ သခွား ဆွတ် ခူးမှုပြုလုပ်မည်။ ယာဉ်ပေါ်သို့ ဖရဲ၊ သခွားသီးများ တင်ဆောင်ရာတွင် လိမ်ညာမှုမရှိဘဲ သမာသမတ် ကျကျ ဆောင် ရွက်မည်။ ဖရဲ၊ သခွားသီးများ ဆွတ် ခူးရာတွင် အရည်အသွေးအရွယ်အစား တန်းတူ ဖြစ်စေရေး အထူး အလေးထား ဆွတ်ခူးမည်။ ဖရဲ၊ သခွားသီးများကို နေ့လယ် ၁၁ နာရီအချိန် ဆွတ် ခူးပြီး ညအချိန်မှ ကုန်တင်ယာဉ်ပေါ်သို့တင်ဆောင် မည်။
ရောင်းချရန် တာဝန်ယူထားသော ပွဲရုံများ အနေဖြင့် တောင်သူများ အသီးဆွတ်ခူးရန် ပြော ကြားရာတွင် ရက်ပြည့်မပြည့်၊ ရေသွင်းရက်၊ ရေဖြတ်ရက်၊ ခူးဆွတ်မည့်သစ်သီး အခြေအနေ၊ တင်ပို့လာမည့်လမ်းကြောင်းအနေအထား အဆက် မပြတ် စုံစမ်းမည်။ တစ်ဖက်နိုင်ငံသို့ ကုန်ပစ္စည်းများ ရောင်းချရာတွင် ပွဲရုံများမှ မိမိ၏ကုန်ပစ္စည်းအပေါ် အာမခံချက်ဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက် မည်။ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် တောင်သူ များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ ပွဲရုံများ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်း၊ ကိုယ်စား လှယ်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း၊ ကုန်ဝယ်သည့်သူများ လိုက်နာရမည့်စည်းမျဉ်း စည်းကမ်းတို့ကို သစ်သီးကုန်စည်ဒိုင်မှ ရေးဆွဲ ထုတ်ပြန်ပေးမည်။ တစ်ဖက်နိုင်ငံမှ လာရောက် ဝယ်ယူသူများအပေါ် ကုန်စည်ဒိုင်မှ စနစ်တကျ မှတ်တမ်းထားရှိရမည်ဖြစ်ပြီး လာရောက်ဝယ်ယူ သူများကို ကြိုတင် အာမခံကြေးငွေ သတ်မှတ် လက်ခံရန် ကုန်စည်ဒိုင်မှ ဆောင်ရွက်မည်။စိုက် ပျိုးထုတ်လုပ်တင်ပို့နေသည့် တောင်သူများအတွက် နည်းပညာနှင့် လိုအပ်သော အထောက် အကူ ပစ္စည်း ပံ့ပိုးနိုင်ရေးကို ကုန်စည်ဒိုင်မှ ဦးဆောင်၍ ဆောင်ရွက်ပေးမည်။ မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် အရှေ့မြောက်တံခါးကုမ္ပဏီ မှ ကူညီဆောင်ရွက်ပေးမည်။
သြဂုတ် ၂၄ ရက်က ကျင်းပပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသည် မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်တွင် သစ်သီးဝလံဈေးကွက်ကြီးတစ်ခု ဖြစ် လာပြီး မိမိနိုင်ငံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများ အတွက် အကာအကွယ်ပေးနိုင်မည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ ဖြိုးတိုးတက်လာ စေရန် ရည်ရွယ်ချက် ကောင်းကောင်းဖြင့် ပန်းတိုင် ဆီသို့ တွန်းပို့နိုင်သည့် အရွေ့တစ်ခုဖြစ်သည်ကို မြင်တွေ့နေရသကဲ့သို့ နှီးနှောဖလှယ်ပွဲ ဆွေးနွေး သည့်အချက်(၂၃)ချက်မှ  တစ်ဖက်နိုင်ငံနှင့် နှီးနှော ဖလှယ်ရန်ရှိသည့် အချက်များ၏ ရလဒ်ကို ဆက် လက်လေ့လာနိုင်ရန်အတွက် တရုတ်နိုင်ငံခရီးစဉ် သို့ ဆက်လက်လိုက်ပါခဲ့ပါတယ်။
တရုတ်နိုင်ငံ ရွှေလီမြို့ လက်လီ လက္ကား သစ်သီးကုန်စည်ဖြန်ဖြူးရေး အရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ အရောင်းဆိုင်၏ အကျယ်အဝန်း သည် သုံးဧကကျော်ကျယ်ဝန်းပြီး မြန်မာ နိုင်ငံ၏ ဖရဲ၊ သခွားရာသီချိန်တွင် ဖရဲ၊ သခွားများကို အဓိက ရောင်းချပါတယ်။ သစ်သီးအရောင်းဆိုင် အနောက် ဘက်ခြမ်း၌ တစ်ခန်းလျှင် တန်ချိန် ၁၀ဝ ခန့် သိုလှောင်ထားရှိနိုင်သော အအေးခန်း ခြောက်ခု ထည့်သွင်းဖွဲ့စည်းထားတာကို တွေ့ရပါတယ်။
ဝမ်တိန်မြို့ရှိ ဝမ်တိန်သစ်သီးကုန်စည်ချ ကွင်းအတွင်း တည်ဆောက်ထားတဲ့ ချန်ဟော် ကုမ္ပဏီမှ ပိုင်ဆိုင်သော ချန်ဟော်ဟိုတယ်သို့ ရောက်ရှိခဲ့ပါတယ်။
သြဂုတ်လ ၂၅ ရက်တွင် တရုတ် နိုင်ငံ၊ ဝမ်တိန်မြို့၊ ချန်ဟော်ဟိုတယ် အစည်းအဝေး ခန်းမမှာ  မြန်မာ-တရုတ် ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသည့် လုပ် ငန်းရှင်များ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါတယ်။
အဆိုပါနှီးနှောဖလှယ်ပွဲမှာ တရုတ် နိုင်ငံမှ ဝမ်တိန်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မစ္စတာရန်အိုက် ကျင်း၊ ဝမ်တိန်မြို့ အုပ်ချုပ်ရေးဒုတိယဥက္ကဋ္ဌမစ္စတာ လီခမ်ကျုံး၊ ချန်ဟော်ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ထိန်ကျိရန်၊ ချိန်ဟော်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာ မစ္စတာယန်ကွမ်း၊ ကုန်သွယ်ရေး ဌာနအကြီး အကဲ မစ္စတာဖန်ကျိယန်၊ ဖရဲ၊ သခွားဝယ်ယူသူ ကုန်သည်ပွဲစားများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ မှ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်နှင့် အတွင်းရေး မှူးများ၊ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ ဦးစိုင်းမောင်ညွန့်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်၊ အတွင်းရေးမှူး ဦးစိုင်းခင်မောင်နှင့် အဖွဲ့ဝင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ အကျိုးဆောင်ကိုယ်စားလှယ် များ၊ ကုန်သည်များနှင့် မုံရွာ၊ စစ်ကိုင်း၊ ဘုတလင်၊ ချောင်းဦး၊ မြောင်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ မိတ္ထီလာ၊ သပိတ်ကျင်း၊ တပ်ကုန်း၊ တောင်ငူ၊ ပဲခူး၊ ညောင်လေးပင်စသည့်မြို့နယ်တို့မှ ဖရဲသခွား အဓိက စိုက်ပျိုးထုတ်လုပ်သူများ တက်ရောက် ခဲ့ကြပါတယ်။
တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံ ဆွေးနွေးကြရာမှာ တရုတ် ကိုယ်စားလှယ် တွေက ဝမ်တိန်-မက်မန် နယ်စပ်ထွက်ပေါက်ကို တရားဝင်ဖြစ်စေရေးအတွက် ဆောင်ရွက်ရန်၊ ဝမ်တိန်မြို့တွင် တည်ဆောက်ထားရှိသော မော် တော်ကားစက်ရုံမှ မော်တော်ကားများ တင်သွင်း နိုင်ရေးဆောင်ရွက်ရန်၊ မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေးဇုန်တွင် အရောင်းအဝယ်ဖြစ်ပြီး တရုတ် နိုင်ငံတွင် အရောင်းအဝယ်ပျက်သည့်အပေါ်ထိန်း ကျောင်းပြုပြင်ပေးရန်၊ အမှန်တကယ် ပျက်စီးသွား သည့် ဖရဲ၊ သခွားများကို ပယ်သော်လည်း မပယ် သင့်သည်များကို မပယ်ရန်၊ အရောင်းအဝယ် ပျက် ပြယ်ခဲ့သည့် ရောင်းဝယ်မှုအပေါ်တွင် နစ်နာမှု ကို ၅၀ ရာခိုင်နှုန်း ပေးလျော်စေရန်၊ ကုန်ပစ္စည်းချိန်း ပြောင်းချိန်ကို ၄၈နာရီ ဟု နှစ်ဖက် သဘောတူ သတ်မှတ်ထားသော်လည်း ပိုမိုအချိန်ကြာမြင့်၍ ပြဿနာဖြစ်သည့်အပေါ် တာဝန်ယူဆောင်ရွက် ပေးရန်၊ ဖရဲ၊ သခွားသီးများရောင်းချရာတွင် တစ်တန်လျှင် ကီလိုဂရမ် ၂၀ အပို ဆောင်းပေးရမှု ကို ဖြေလျော့ပေးရန်၊ နှစ်ဖက်ပူးပေါင်း၍ ဖရဲ၊ သခွားကုန်သွယ်မှုကို ဆောင်ရွက်ရာတွင် စည်း မျဉ်းစည်းကမ်းဥပဒေများ သတ်မှတ်ပေးရန်၊ တစ် ဖက်နိုင်ငံမှ ဝယ်လက်များအား ကြိုတင် အာမခံ ကြေးငွေ သတ်မှတ်ပေးရန် မိမိတို့ နှစ်ဖက်သဘော တူညီမှုများအား စာဖြင့် တရားဝင်ထုတ်ပြန်ပေးရန်၊ ဖရဲ၊ သခွားကုန်သွယ်မှုဆောင်ရွက်ရာတွင် မိမိတို့ နိုင်ငံသားများဖြစ်သည့် ယာဉ်မောင်းများ၊ ယာဉ် နောက်လိုက်များ၊ အလုပ်သမားများ၊ ကိုယ်စား လှယ်များကို လုံခြုံမှုအပြည့်အဝဖြင့် ကာကွယ် စောင့်ရှောက်ပေးရန်၊ တရုတ်နိုင်ငံမှ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ နှစ်ဦးနှစ်ဘက် အဆင်ပြေနိုင်စေဖို့ ညှိနှိုင်းဆောင်ရွက်ကြရာမှာ ဝမ်တိန်-မက်မန်နယ်စပ်ထွက်ပေါက် တရားဝင် ဖြစ်စေရေးအတွက် အထက်အဆင့်ဆင့်သို့ တင်ပြ နိုင်ရေး ဆောင်ရွက်မည်။
ဝမ်တိန်မြို့တွင် တည်ဆောက်ထားသော မော်တော် ကားစက်ရုံမှ မော်တော်ကားများ တင် သွင်းနိုင်ရေး အထက် အဆင့်ဆင့်သို့ တင်ပြနိုင်ရေး ဆောင်ရွက်မည်။ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်တွင် အရောင်းအဝယ်ဖြစ်ပြီး တရုတ် နိုင်ငံတွင် အရောင်းအဝယ်ပျက်သည့်အပေါ် ထိန်း ကျောင်း ပြုပြင်နိုင်ရေး ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်း ပေါင်း စပ်ဖျန်ဖြေရေးအဖွဲ့  ဖွဲ့စည်းဆောင်ရွက်မည်။
အမှန်တကယ်ပျက်စီးသွားသည့် ဖရဲ၊ သခွား များကို ပယ်သော်လည်း မပယ်သင့်သည်များကို မပယ်ရန် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ် ဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်။
အရောင်းအဝယ်ပျက်ပြယ်ခဲ့သည့် ရောင်း ဝယ်မှုအပေါ်တွင် နစ်နာမှုကို ၅၀ ရာခိုင်နှုန်း ပေး လျော်စေရန် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ် ဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်။
ကုန်ပစ္စည်းချိန်းပြောင်းချိန်ကို ၄၈ နာရီဟု နှစ်ဖက်သဘောတူသတ်မှတ် ထားသော်လည်း ပိုမိုအချိန်ကြာမြင့်၍ ပြဿနာဖြစ်သည့်အပေါ် တာဝန်ယူ ဆောင်ရွက်ပေးရန် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်း ဆောင် ရွက်မည်။
ဖရဲ၊ သခွားသီးများရောင်းချရာတွင် တစ်တန် လျှင် ကီလိုဂရမ် ၂၀ အပို ဆောင်းပေးရမှုသည် ရှေးအစဉ်အလာအရ ရောင်းသူမှ ဝယ်သူကို အား ပေးကူညီခြင်းဖြစ်၍ ဆက်လက်ဆောင် ရွက်မည်။
နှစ်ဖက်ပူးပေါင်း၍ ဖရဲ၊ သခွား ကုန်သွယ်မှု ကို ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း ဥပဒေ များ သတ် မှတ်နိုင်ရေး အတူတကွ ကြိုးပမ်းဆောင် ရွက်မည်။
တစ်ဖက်နိုင်ငံမှ ဝယ်လက်များအား ကြိုတင် အာမခံကြေးငွေ သတ်မှတ် ပေးရန်ကုန်သွယ်မှု ဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မည်။
နှစ်ဖက်သဘောတူညီမှုများအား စာဖြင့် တရားဝင်ထုတ်ပြန်ကြေညာမည်။
ဖရဲ၊သခွားကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများဖြစ်သည့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ အလုပ်သမားများ၊ ကိုယ် စားလှယ်များကို လုံခြုံမှုအပြည့်အဝဖြင့် ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးဆောင်ရွက် မည်။
တရုတ်နိုင်ငံ၊ ဝမ်တိန်တွင်ကျင်းပခဲ့ သည့် နှီးနှောဖလှယ်ပွဲသည် တရုတ်နိုင်ငံမှ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် သစ်သီးဝလံ ကုန်စည်ဒိုင်ကဲ့သို့ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း မရှိသဖြင့် ညှိနှိုင်းဆုံးဖြတ်သည့် အချက်အလက် များအား ပြတ်သားစွာ ဆောင်ရွက်နိုင်ခြင်း မရှိ သည်ကို တွေ့ရှိရပြီး တစ်ဖက်နိုင်ငံမှ ကုန်သွယ်မှု ဆိုင်ရာ ညှိနှိုင်းပေါင်းစပ် ဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်မည်ဟု ကတိပြုသည့်အပေါ် ဆက် လက် တွန်းအားပေးဆောင်ရွက်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ကုန်စည် ဒိုင်မှ တစ်ဖက်နိုင်ငံသို့ ဖရဲသီး၊ သခွားသီး၊ သရက် သီး၊ စပျစ်သီး၊ နာနတ်သီးတို့ကို တင်ပို့လျက်ရှိရာ သစ်သီးရာသီချိန်တွင် တစ်ရက်လျှင် ကားအစီးရေ  ၄၀ဝ မှ ၈၀ဝ ကြား၊ အမြင့်ဆုံး အချိန်တွင် ကားစီးရေ ၁၂၀ဝအထိ ဝင်ရောက် လျက်ရှိနေသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွား၍ သစ်သီး များအရည်အသွေးကျဆင်းခြင်း၊ နေရာ မလုံလောက်သည့်အတွက် မရောင်းရသည့် ကားများ   ညအိပ်ရပ်နားထားရခြင်းတို့ကြောင့် အစုအဖွဲ့အလိုက်   ရောင်းချနိုင်သော   အရောင်း လိုင်း ၁၂ လိုင်း   ပါဝင်သည့် သစ်သီးကုန်စည်ချ ကွင်းကို အရှေ့မြောက်တံခါးကုမ္ပဏီမှ ဆောင်ရွက် လျက်ရှိပါတယ်။ မိမိတို့ နိုင်ငံ၏ သစ်သီးရောင်းချမှု ဈေးကွက် ပိုမိုခိုင်မာလာစေရန်နှင့် တရုတ်နိုင်ငံရဲ့ သစ်သီးဈေးကွက်ကို ယှဉ်ပြိုင်နိုင်ရန် အရှေ့မြောက် တံခါးကုမ္ပဏီက အထူးကြိုးပမ်းဆောင်ရွက်လျက် ရှိတဲ့ သစ်သီးကုန်စည်ချကွင်းသည် မြန်မာနိုင်ငံ   ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် မရရှိသေး တာကိုလည်း သိရှိခဲ့ရပါတယ်။
အရှေ့မြောက်တံခါးကုမ္ပဏီဟာ မြန်မာ နိုင်ငံသားများ စွမ်းအားပြည့်ရင်းနှီး မြှုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်ရဲ့  ခွင့်ပြုချက်ရရှိထားမှသာ တရုတ် နိုင်ငံရဲ့ ဈေးကွက်ကို ယှဉ်ပြိုင်ရာမှာ များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်။
အရှေ့မြောက်တံခါးကုမ္ပဏီအနေဖြင့် ၎င်းင်းရဲ့ သစ်သီးကုန်စည်ချကွင်းကို သစ်သီးဖလှယ်ကွင်းအဆင့်အထိရောက်ရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက်သွားမှာဖြစ်သလို သစ်သီးဝလံကုန် သွယ်မှုနဲ့ သက်ဆိုင်သူအားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ခွင့်ရရှိစေနိုင်ဖို့ အများပိုင်အဖြစ် ပြောင်းလဲဆောင်ရွက်မယ်လို့လည်း သိရှိရပါတယ်။
မိမိနိုင်ငံအတွင်းမှာပင် သစ်သီး   ဖလှယ် နိုင်တဲ့ ဈေးကွက်အထိ အောင်မြင်အောင် ဆောင် ရွက်နိုင်ပါက မိမိနိုင်ငံသူနိုင်ငံသားများ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ပြီး မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ပိုမိုဖွံ့ဖြိုးတိုး တက်ရေးကို   တစ်ဖက်တစ်လမ်းမှ   များစွာ အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်။
မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ပိုမို ဖွံ့ဖြိုးတိုးတက်လာပါက ကုန်သွယ်ရေးစခန်း တည် ထောင်စဉ်ကထားရှိတဲ့ ရည်မှန်းချက်များ အကောင် အထည်ဖော်လာမှာဖြစ်သလို ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတွင်းပြည်သူများ အလုပ်အကိုင် အခွင်အလမ်း များရရှိရေး၊ နိုင်ငံတော် စီးပွားရေးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်က ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိတဲ့လမ်းတံတားဆိုင်ရာ  အခြေခံအဆောက် အအုံများနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများရဲ့ ဆောင်ရွက်ပေးရန် လိုအပ်နေတဲ့ကိစ္စရပ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေး ဖို့ လိုအပ်သလို ကုန်သွယ်ရေးဇုန်ကိုလည်း ]အထူး ကုန်သွယ်ရေးဇုန်(ှSpecial Trade Zone)အဖြစ် နိုင်ငံတော်မှသတ်မှတ်ပေးပြီး ကုန်သွယ်မှုနဲ့ ဆက် စပ်တဲ့လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
ကျင်းပခဲ့တဲ့တရုတ်နိုင်ငံနဲ့  နှီးနှောဖလှယ်ပွဲ ကနေရရှိခဲ့တဲ့ သဘောတူညီချက်တွေအနက် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ဖျန်ဖြေရေး အဖွဲ့ တစ်ဖွဲ့ကို   အမြန်ဆုံး ဖွဲ့စည်းနိုင်ရန် လိုအပ် တဲ့  တွန်းအားပေးမှုတွေ ပြုလုပ်ပေးရမှာ ဖြစ်ပါ တယ်။ ကုန်သွယ်မှုကဏ္ဍမှာ နိုင်ငံသားတိုင်း တွေ့ ကြုံနေရတဲ့ အခက်အခဲတွေကို နှစ်နိုင်ငံအတူတကွ ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ဖို့လည်း  လို အပ်မှာ ဖြစ်ပါတယ်။
 ဖရဲ၊ သခွား ကဏ္ဍမှအစပြု၍ သစ်သီးဝလံ ကဏ္ဍတစ်ခုလုံး အောင်မြင်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှဦးဆောင်၍ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍမှ တင်ပို့ရောင်းချသူ၊ ကုန်စည် ဒိုင်ရှိ ပွဲရုံများ၊ ဦးဆောင်နေသည့်အသင်းကြီး၊ ပြည်ပမှ ပညာရှင်၊ တရုတ်နိုင်ငံမှ ဝယ်လက်နှင့် ဒေသအုပ်ချုပ်သူများအထိ အဆင့်ဆင့် တွေ့ဆုံနှီး နှောဖလှယ်ခဲ့ပြီး လာမယ့် သစ်သီးရာသီအတွက် ကြိုတင်ပေါင်းစပ်ညှိနှိုင်းနိုင်မှုသည် အနာဂတ် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကုန်သွယ်မှုကဏ္ဍမှကဏ္ဍပေါင်းစုံနှင့် ဆက်စပ်ပူး ပေါင်းဆောင်ရွက်နိုင်ခဲ့သည့် ဦးဆောင်ပြယုဂ် တစ်ခုဖြစ်သကဲ့သို့ အခြားစီးပွားရေးကဏ္ဍများမှ ယခုလို ဖရဲသခွားကဏ္ဍရဲ့ ဆောင်ရွက်မှုကို နမူနာ ယူပြီး ဆောင်ရွက်သင့်ပါတယ်။ အဲဒီလုပ်ငန်းစဉ် များဟာ အစိုးရနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership) (PPP) စနစ်ဖြင့် ဆောင်ရွက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါ၍ ]ပြိုင် တူတွန်းလျှင် ရွေ့နိုင်ပါသည်}ဆိုတဲ့ ဆိုရိုးစကား အတိုင်း နိုင်ငံတော်အတွင်း ဘက်စုံပူးပေါင်းဆောင် ရွက်မှု ပြုလုပ်ပါက အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မယ့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလိမ့်မယ်လို့ ယုံကြည်  မိပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General