မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေးဆက်လက်ကျဆင်းပြီး ပဲတီစိမ်းဈေးတက်ခဲ့

ဒီတစ်ပတ်မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေးဆက်လက်ကျ ဆင်းခဲ့ပြီး ပဲတီစိမ်းဈေးကတော့ ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ဈေးကျခဲ့ပြီး တစ်ပိဿာ ၁၅၁၅ ကျပ်ရှိခဲ့တဲ့ ပဲစင်းငုံနီက ယခုတစ်ပတ်မှာလည်း တစ်ပိဿာ ၁၅၀ဝ ကျပ်(တစ်တန်ကို ၉၁၈၅၈၅ ကျပ်)နဲ့ သာဈေးဖွင့်ခဲ့တာ ကြောင့် ဈေးဆက်လက်ကျဆင်းခဲ့ပါတယ်။ တစ်နေ့ကို ပဲစင်းငုံနီ အိတ် ၆၃၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲတီ စိမ်းကတော့ ယခင်တစ်ပတ်ထက်ဈေးမြင့်ပြီး တစ်ပိဿာ ၁၁၀၅ ကျပ်(တစ်တန်ကို ၆၇၆၆၉၀ ကျပ်)နဲ့ဈေးဖွင့်ခဲ့ပြီး တစ်နေ့ကိုအိတ် ၁၁၈၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံ အနက် နှမ်းနက်ဈေးတက်ခဲ့ပြီး နှမ်းဖြူနဲ့ နှမ်းနက်စမုံကတော့ ယခင်တစ်ပတ်ထက်ဈေးကျခဲ့ပါတယ်။ ယခုတစ်ပတ်မှာ နှမ်းနက် တစ်ပိဿာ ၂၆၉၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၁၈၀ဝ ကျပ်၊ နှမ်းနက် စမုံတစ်ပိဿာ ၃၄၆၅ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး တစ်နေ့ကို နှမ်းမျိုးစုံ အိတ် ၂၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General