သြဂုတ် လကုန်ပတ်မုံရွာ ဆီထွက်သီးနှံဈေးကွက် မြေပဲနဲ့ နှမ်းဈေးအေးသလို ဆီဈေးပါကျလာ

သြဂုတ် လကုန်ပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲလုံးဆန်နဲ့ နှမ်းမျိုးစုံပါ ဈေးဆက်လက်ကျဆင်း သွားခဲ့လို့ ဆီဈေးပါ လိုက်လံကျ ဆင်းခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း မြေပဲဆန် ဈေးကွက်မှာ လုံးဆန် (နီ)တစ်ပိဿာ ၂၁၅၀ ကျပ်နဲ့ လုံးဆန် (ဖြူ) တစ်ပိဿာ ကျပ် ၂၀ဝ၀၊  ၁၉၅၀ ကျပ်အထိ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ဆီဆန်(အသစ်)မှာလည်း တစ်  ပိဿာ ၁၈၂၅ ကျပ်အထိ ဈေးကျခဲ့တာ တွေ့ရပါတယ်။ လုံးဆန်နဲ့ ဆီဆန်ဈေးကျတဲ့အတွက် သြဂုတ်လဆန်းက တစ်ပိဿာ ကျပ် ၄၄၀ဝ ဈေးပေါက်ခဲ့တဲ့ ပဲဆီဟာတစ်ပိဿာ ကျပ် ၃၉၀ဝ အထိ ဈေးကျသွားခဲ့တာတွေ့ရပါတယ်။
ယခုတစ်ပတ် နှမ်းမျိုးစုံ ဈေးကွက် မှာတော့ မိုးဦးနှမ်းတွေ စတင်ဝင်လာနေပေမယ့် ပြည်ပဝယ်လက် အနုတ်လေးနေလို့ ဈေးဆက်လက် အေးခဲ့ရာ နှမ်းညို (သစ်)တစ်တင်း ကျပ် ၂၄၀ဝ၀၊ နှမ်းဝါ တစ်တင်းကျပ် ၂၃၀ဝ၀၊ နှမ်းနီတစ်တင်း ကျပ် ၂၄၅၀ဝ၊ နှမ်းဖြူတစ်တင်း ကျပ် ၂၇၀ဝ၀ - ကျပ် ၂၉၀ဝ၀ နဲ့  နှမ်းနက် တစ်တင်း ၄၇၀ဝ၀ ကျပ်အထိ ဈေးအသီးသီး အနိမ့်ဆုံးပေါက်ခဲ့တာတွေ့ ရပါတယ်။ နှမ်းဈေးအေးသလို နှမ်းဆီ ဈေးလည်း လဆန်းပိုင်းက တစ်ပိဿာ ကျပ် ၃၃၀ဝ ပေါက်ခဲ့ရာမှ ယခု ကျပ် ၃၁၀ဝ ဈေး အထိ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ စားအုန်းဆီ ဈေးကတော့ တဖြည်းဖြည်း ဈေးမာလာခဲ့ကာ ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၁၈၆၀ အထိ အမြင့်ဆုံးပေါက်ဈေး  ဖြစ်ပေါ်ခဲ့တယ်လို့ မုံရွာ ကုန်စည်ဒိုင်ရပ်ကွက်က သိရှိရပါတယ်။   ထွန်းလှိုင်(မုံရွာ)
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General