ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆၇ သန်းကျော်ရှိ

၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် သြဂုတ် လ ၁၃ ရက်မှ ၁၉ ရက်အတွင်း ကုန် သွယ်မှုအခြေအနေမှာ  ပို့ကုန်တင်ပို့မှု  
အမေရိကန်ဒေါ်လာ ၂၆၄ ဒသမ ဝ၀၄ သန်း၊  သွင်းကုန်  တင်သွင်းမှု  အမေ  ရိကန်ဒေါ်လာ ၃၃၁ ဒသမ ၁၂၇ သန်း
ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိ ကန်ဒေါ်လာ ၅၉၅ ဒသမ ၁၃၁ သန်း ဖြစ်ပါတယ်။  ကုန်သွယ်မှုလိုငွေမှာ  
အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၁၂၃ သန်းဖြစ်ပြီး  ထိုသို့  လိုငွေပြရခြင်းမှာ  မတ်ပဲ၊ ပဲတီစိမ်းနဲ့ ကျောက်စိမ်းတင်ပို့မှု
လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ရက်သတ္တပတ်အတွင်း  ပင်လယ်  ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန်တန်ဖိုး
အမေရိကန်ဒေါ်လာ ၁၈၅ ဒသမ ၈၇၇ သန်းနဲ့ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂၇၅ ဒသမ ၇၁၃ သန်းဖြစ်တဲ့
အတွက်  ကုန်သွယ်မှုလိုငွေမှာ  ၈၉  ဒသမ ၈၃၆ သန်းဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်တန်ဖိုး
အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၄၁၄ သန်းဖြစ်တဲ့အတွက် ကုန်သွယ်မှု ပိုငွေ မှာ ၂၂ ဒသမ ၇၁၃ သန်း ဖြစ်ပါတယ်။
ယခုဘဏ္ဍာနှစ်စမှ  သြဂုတ်  ၁၉  ရက်အထိ ပို့ကုန်တင်ပို့နိုင်မှုမှာ အမေ ရိကန်ဒေါ်လာ  ၄၂၁၂  ဒသမ  ၅၆၀  
သန်း၊  သွင်းကုန်တင်သွင်းနိုင်မှုမှာ  အမေရိကန်ဒေါ်လာ  ၅၆၉၂  ဒသမ  ၂၄၉ သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ
အမေရိကန်ဒေါ်လာ  ၉၉၀၄  ဒသမ  ၈၀၉  သန်းဖြစ်ပါတယ်။  ကုန်သွယ်မှု  လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၄၇၉
ဒသမ ၆၈၉ သန်းဖြစ်ပါတယ်။ ၂၀၁၆ ဧပြီ ၁ ရက်မှ သြဂုတ် ၁၉ ရက်အထိ  ပင်လယ်ရေကြောင်း  ကုန်  
သွယ်မှုမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၆၃၇ ဒသမ ၄၀၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၄၆၉၂ ဒသမ ၃၀၁
သန်းဖြစ်တဲ့အတွက် ကုန်သွယ်မှုလိုငွေ မှာ အမေရိကန်ဒေါ်လာ ၂၀၅၄ ဒသမ ၈၉၆ သန်းဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်
ရေးစခန်းများမှ  ပို့ကုန်  အမေရိကန်  ဒေါ်လာ ၁၅၇၅ ဒသမ ၁၅၅ သန်း သွင်း ကုန် အမေရိကန်ဒေါ်လာ ၉၉၉ ဒသမ
၉၄၈ သန်းဖြစ်ပြီး ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၅၇၅ ဒသမ ၂၀၇ သန်းဖြစ်ပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General