ပြည်ဈေးကွက်မှာ မြေပဲဆီဆန် ဈေးမြင့်ပြီး လုံးဆန်ဈေး အနည်းငယ်ကျ

ပြည်ဈေးကွက်တွင် မြေပဲဆီဆန်ဈေးပြန်မြင့်တက်လာပြီး လုံးဆန်ဈေး အနည်းငယ် ကျလာတာ တွေ့ရပါတယ်။ ယခု
အချိန်တွင် မိုးများ နေ့စဉ် ရွာသွန်းနေတဲ့အတွက် မြေပဲဆန် အဝင်မရှိပေမယ့် ယခင် ဝင်ရောက်လာတဲ့ မြေပဲဆီဆန် များကိုသာ
ရောင်းဝယ်လျက်ရှိပါတယ်။ ရန်ကုန် ဝယ်လက်များက လုံးဆန်ကို  အဝယ်ရှိပြီး၊ ဆီဆန်ကို မကွေးဆီစက်များက အဝယ်ရှိနေ
သဖြင့် တစ်နေ့လျှင် အိတ် ၆၀ဝခန့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ မြေပဲဆန်ဈေးမှာ ဆီဆန် တစ်ပိဿာလျှင် ၁၈၀ဝ
ကျပ်ဖြင့် ယခင်တစ်ပတ်ထက်စာလျှင် ဈေးအနည်းငယ်မြင့်လာသော်လည်း လုံးဆန်ဈေးမှာ တစ်ပိဿာလျှင် ၂၃၅၀ ကျပ်ဖြင့်
ယခင်တစ်ပတ်ထက်စာလျှင် ဈေးအနည်းငယ်ကျလာတာ တွေ့ရပါတယ်။ မြေပဲဆီဈေးကတော့ တစ်ပိဿာလျှင် ၄၈၀ဝ ကျပ်
ဖြင့် ဈေးငြိမ်လျက်ရှိပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General