စခန်းစုံမှ ပရဆေးကုန်ကြမ်းတင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ သြဂုတ် လ တတိယပတ်အတွင်း  အမေရိကန် ဒေါ်လာ သုည ဒသမ ၃၀၃သန်း တန် ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ၉ မျိုး တန်ချိန်အားဖြင့် ၃၀၃တန်ခွဲကို တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်ကြမ်းတွေက တော့ ကွမ်းသီးခွံ၊  ကွမ်းစားဂမုန်း၊ မာ လာဥခေါင်း၊ တောဂျင်း၊ မိကျောင်းကွမ်း ဖတ်စေ့၊ ရွေးရွက်၊ ဒရင်ကောက်မြစ်၊ ကြောင်ပန်းစေ့နဲ့ နေလဲစေ့တို့ ဖြစ်ပါ တယ်။ ယခင်သီတင်းပတ်က တန် ၂၄၀ သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ မူဆယ် မှ ပရဆေး ပိုမိုတင်ပို့လာတာ တွေ့ရပါ တယ်။ အလားတူ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှလည်း   အမေရိကန်
ဒေါ်လာ ၂၄၃၇၇၅ တန်ဖိုး ရှိ ကြက်ဆူ စေ့ ၃၄၈တန်ကျော်ကို လည်းကောင်း၊ မြန်မာ- ထိုင်း နယ်စပ
ရှိမြဝတီကုန်သွယ်ရေးဇုန်မှ    အမေရိကန်ဒေါ်လာ ၅၈၀၅ တန်ဖိုးရှိ ဆီးဖြူသီးခြောက် ၁၀ တန်နီးပါးကိုလည်းကောင်း  အသီးသီး
တင်ပို့ခဲ့ကြပါတယ်။မြန်မာ-အိန ́ိယ   နယ်စပ်ရှိ တမူး ကုန်သွယ်ရေး စခန်းမှ    အမေရိကန် ဒေါ်လာ ၉၆၈၈ တန်ဖိုးရှိ တောင်လုံး
ကျော်  တစ်တန်နီးပါး  တင်သွင်းခဲ့ပါ တယ်။
မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General