ဒေသတွင်း အသားတိုးကြက် (Boiler) မွေးမြူခြင်းဖြင့် အကျိုးအမြတ်ရရှိ

သာယာဝတီခရိုင်နှင့် ပြည်ခရိုင် မြို့နယ်များတွင် အသားတိုးကြက် (Boiler) မွေးမြူထုတ်လုပ်မှုများ ၂၀၁၄ ခုနှစ်မှစ၍ များပြားလာကြောင်း သိရှိ ရပါသ ည်။ မွေးမြူထုတ်လုပ်မှု အရေအတွက် မှာ ပြည်ခရိုင်အတွင်း မြို့နယ် များဖြစ် သည့် ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း မြို့ နယ်များတွင် တစ်မြို့နယ်ခြင်းအနေဖြင့် ကြက် ၄၅ ရက် တစ်သုတ်လျှင် အကောင်ရေ ၄၀ဝ၀ဝ မှ ၅၀ဝ၀ဝ ခန့်အထိ မွေးမြူလာကြောင်း သိရှိရပြီး၊ ဈေး ကွက် အနေဖြင့် မြို့နယ်တွင်းနှင့် ပြည်- ရန်ကုန်တို့သို့ တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။ မွေးမြူကြသော ကြက်မျိုးများမှာ (C.P) စီပီ၊ (K.H) Khau ng Htet ကောင်းထက်၊ Diamond ဒိုင်းမွန်း ကြက် မျိုးများ အများဆုံး မွေးမြူလေ့ရှိကြပြီး၊ အခြားသော ကြက်မျိုးများကိုလည်း ဝယ်ယူ မွေးမြူလေ့ရှိကြေ ကြာင်း သိ ရှိရပါသည်။ အသားတိုး ကြက်များကို တစ် ရက်သားမှ ၄၅ ရက်သားအထိ မွေးမြူ လေ့ရှိကြပြီး၊ ၄၅ ရက်ပြည့်လျှင် ပျမ်းမျှ အလေးချိန်အားဖြင့် ကြက်တစ်ကောင် ကို တစ်ပိဿာ ၃၅ ကျပ်သားမှ တစ် ပိဿာ ၆၅ ကျပ်သားအထိ ရှေိ ကြာင်း သိရပါသည်။ အသားတိုး ကြက် မွေးမြူခြင်းမှာ တစ်ရက်မှ ၁၉ ရက်သားအထိ ယိုင်ကာ ဖွဲခင်း၍ မီးကိုင်ရပြီး၊ ၁၉ ရက်သား ကျော်လျှင် မီးလွတ်လေ့ရှိကြောင်း၊ ကြက်တစ်ကောင် အလေးချိန်မှာ ၁၉ ရက်သားလျှင် ပျမ်းမျှ ၃၈ ကျပ် သား ရှိ ကြောင်း သိရှိရပါသည်။ အသားတိုး C.P ကြက်အကောင် ၁၀ဝ၀ မွေးလျှင် (တစ်ရက်သားမှ ၁၀ ရက်သား အထိ) 910SP ကြက်ငယ် စာ ၅ အိတ်၊ (၁၁ ရက်သားမှ ၂၀ရက်သား အထိ) 910S ကြက်ငယ်စာ ၁၃ အိတ်၊ (၂၁ ရက်သားမှ ၃၀ ရက်သား အထိ) 910 ကြက်လတ်စာ ၂၀ အိ တ်၊ (၃၁ရက် သားမှ ၄၅ ရက်သား အထိ) 911 ကြက် ကြီးစာ ၄၅ အိတ်၊ 913 ကြက်ကြီးစာ ၁၇ အိတ်၊ စုစုပေါင်း ပိဿာ ၃၀ ဝင် အိတ် ၉၀ ခန့် ကျွေး ရကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး အနြေ ဖင့် ခုနစ် ရက်သားလျှင် တစ်ကြိမ်၊ ၁၄ရက်သား လျှင် တစ်ကြိမ်၊ ၂၁ ရက်သားလျှင် တစ် ကြိမ်၊ ၂၈ ရက် သားလျှင် တစ်ကြိမ်တိုက် ကျွေးလေ့ရှိပြီး၊ အခြား အသက်ရှူလမ်း ကြောင်းနှင့် အူလမ်းကြောင်းဆိုင်ရာ ဆေးများ၊ အားဆေး များကိုလည်း တစ် ရက်သား မှ ၃၅ ရက်သားအထိ သုံးလေ့ ရှိသည်။ ၃၅ ရက်သားမှ ရောင်းတန်းဝင် ၄၅ ရက်သားအထိ အားဆေးကိုသာ သုံးလေ့ရှိကြောင်း သိရှိရပါသည်။ ကြက်သားေ ပါက် ဈေးမှာ တစ် ကောင်လျှင် ကျပ် ၅၀ဝ မှ ၈၀ဝ အထိ ဝယ်ယူရလေ့ရှိပြီး ကြက်ပြန်လည် ရောင်းချချိန်တွင် ကြက်သား တစ်ပိဿာ လျှင် ကျပ် ၃၅၀ဝ ေ ဈးရောင်းရမှ သင့်တင့် သော အကျိုးအမြတfရရှိနိုင်ကြောင်း အသားစားကြက် မွေးမြူ ထုတ်လုပ်သူများ၏ ပြောပြချက် အ ရ လေ့လာ သိရှိရ ပါသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General