စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံသားများဘဏ်စတင်စာရင်းဝင်သည့်နေ့မှာပင် ကျပ် ၁၀ဝ၀ ဈေးတက်

ယခုတစ်ပတ်တွင် မြန်မာနိုင်ငံသား များဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်သည့်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီး စတင်စာရင်းဝင်သည့်နေ့မှာပင် အေ ရာင်းအဝယ်များဖြစ်ခဲ့ကာ ကျပ်တစ်ထောင် ဈေးမြင့်တက် ခဲ့ကြောင်း အစုရှယ်ယာဈေးကွက်မှ သိရသည်။ မြန်မာနိုင်ငံသားများဘဏ်၏ အစုရှယ်ယာ ဈေးနှုန်း သ ည် အခြေခံစံထား ဈေးနှုန်းမှာ ကျပ် ၆၈၀ဝ ဖြစ်ရာ သြဂုတ် ၂၆ ရက် စတင်ရောင်းဝယ်သည့်နေ့မှာပင် ကျပ် ၇၈၀ဝ ဖြင့် အေ ရာင်းအဝယ်ဖြစ်ခဲ့သည်။ စာရင်း ဝင်သည့်ကုမ္ပဏီတစ်ခု ထပ်မံဝင်ရောက်လာသဖြင့် ရွေးချယ်စရာ အခွင့်အလမ်းများ ယခင်ကထက်များပြားလာခဲ့ကြောင်း၊ နောက်ထပ်လည်း ဝင်ရောက်လာမည့် ကုမ္ပဏီများကို မျှော်လင့်လျက်ရှိနေကြောင်း အစု ရှယ်ယာရောင်းဝယ်သူတစ်ဦးက ပြောကြားခဲ့သည်။ ယခုတစ်ပတ်တွင် MTSH ၏ ရှယ်ယာဈေးနှုန်းများမှာ ယခင် တစ်ပတ်ကထက် ပြန်လည်မြင့်တက်လာခဲ့သော်လည်း FMI ၏ ရှယ်ယာဈေးနှုန်းများမှာမူ ယခင်ဈေး ကျပ်နှစ်သော င်းအတိုင်းသာရှိခဲ့သည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General