သြဂုတ်လ လလယ်မှစ၍ ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပြည်ပဝယ်လက်ပဲများ ဆက်လက် ဈေးလျော့နေပြီး ပဲတီစိမ်းဈေးသာ ပြန်လှုပ်လာခဲ့

ပဲခူးတိုင်းဒေသကြီး  ပြည်ပဲမျိုးစုံ  ဈေးကွက်အတွင်း သြဂုတ်လ  တတိယပတ်မှစ၍  ပြည်ပဝယ်လက် ပဲအားလုံး ဈေးဆက်လက် ကျဆင်းနေသလို ပြည်တွင်းဝယ်လက် ပဲအချို့ လည်း ဈေးလျော့နည်းနေခဲ့တာကိုတွေ့ရပြီး ပဲတီစိမ်းသီးနှံသာ ယခုတစ်ပတ်ဈေး အနည်းငယ် ပိုလာတယ်လို့ သိရပါတယ်။
ပဲတီစိမ်းသစ်များမှာ သြဂုတ်လဆန်းမှစ၍  ပေါင်းတလည်၊ ပေါက်ခေါင်းဘက်မှ ဝင်ရောက်ခဲ့ပြီး မန္တလေး ဝယ်လက်သမား များက ဝင်လာသမျှ ပဲတီစိမ်းသစ်များအား ဝယ်ယူလျက် ရှိပါ တယ်။ ဒါကြောင့်   အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ ပြီး၊ ပဲဈေးကတော့ တစ်တင်း ၂၅၅၀ဝ ကျပ်ဖြင့်သာ ဈေးဖွင့် ဝယ်ယူခဲ့ကြပါတယ်။ ပဲအဝင်လှိုင်လာချိန်မှစ၍ ပဲဈေး လျော့ နည်းသွားခဲ့လို့ လလယ်မှာ တစ်တင်း ၂၀ဝ၀ဝ ကျပ်အထိ ဈေး လျော့နည်းသွားခဲ့ကာ ယခုတစ်ပတ်မှာတော့ တစ်တင်း ကျပ် တစ်ထောင်ခန့် ဈေးပိုလာတယ်လို့ သိရပါတယ်။ ယခင်နှစ်က ပဲတီစိမ်းသီးနှံဈေးမှာ သြဂုတ်လအတွင်း တစ်တင်း ၃၇၀ဝ၀ ကျပ်ရရှိခဲ့လို့  ယခုနှစ်ဈေးမှာ အလွန်လျော့နည်း ခဲ့တဲ့အတွက်  ကျန်ပဲများဖြစ်တဲ့  မတ်ပဲ၊  ပဲစင်းငုံ  သီးနှံတို့ထက်လည်း ဈေး လျော့နည်းနေသလို  ပြည်တွင်းဝယ်လက်  ကုလားပဲ၊ ပဲကြီး သီးနှံတို့ထက်ပင် ဈေးအေးခဲ့ကြောင်း သိရပါတယ်။မတ်ပဲသီးနှံမှာ တစ်ခါတစ်ရံမှသာ တစ်ရက် အိတ် ၁၀ဝ - ၁၅၀ကျော်ခန့်သာ  ဝင်ရောက်ပြီး  လှောင်ပဲများရှိပေမယ့် ထုတ်ရောင်းချသူ နည်းနေတယ်လို့ သိရပါတယ်။ ပဲဈေးနှုန်း များမှာ လဆန်းရက်မှစ၍  ဈေးလျော့နည်းလာသလို ယခု အချိန်အထိလည်း အကျဈေးဘက်  ဦးတည်နေလို့ လက်ဝယ်ရှိ ပဲစိုက်တောင်သူအချို့နှင့် လှောင်လက်များမှ ရောင်းချမှုနည်း
ခဲ့ကာ ရန်ကုန်ဝယ်လက် ဝယ်လိုအား ရှိသော်လည်း အရောင်း အဝယ် အေးနေခဲ့တယ်လို့ သိရပါတယ်။ ပဲဈေးနှုန်းမှာ ယခု တစ်ပတ်တွင် တစ်တင်း ၄၄၀ဝ၀ ကျပ်သာ ရရှိပါတယ်။ ယခင်နှစ်က သြဂုတ်လအတွင်း လကုန်ရက်တွင် တစ်တင်း ၄၈၅၀ဝ ကျပ် ရရှိနေခဲ့လို့ ယခုနှစ်ဈေးကတော့  ယခင်နှစ်ဈေးထက်
တောင် ဈေးလျော့နည်းနေခဲ့ကြောင်း သိရပါတယ်။ပဲစင်းငုံသီးနှံမှာ  မတ်ပဲသီးနှံနည်းတူ သြဂုတ်လမှစ၍ ဈေးလျော့နည်းနေပြီး ယခုလကုန်ခါနီးလေ ဈေးထပ် လျော့ နည်းလာလေ ဖြစ်နေခဲ့ပါတယ်။  ပဲလက်ကျန်  ရှိသော်လည်း တစ်ခါတစ်ရံ အိတ်၂၀ဝကျော် ၃၀ဝ၊ ရန်ကုန် ဝယ်လက်က ဝယ်ယူခဲ့ပါတယ်။   ပဲဈေးမှာတစ်တင်း ၃၀၅၀ဝ ကျပ်ဖြင့် ယခင် တစ်ပတ်ထက်လည်း တစ်တင်း ကျပ်လေးထောင်ကျော် လျော့နည်းခဲ့ပါတယ်။  ယခင်နှစ်က  သြဂုတ်လအတွင်းမှာ
တစ်တင်း ၅၃၀ဝ၀ ကျပ်အထိ ရရှိနေပြီး မတ်ပဲ သီးနှံထက်ပင် ယခုလိုအချိန်မှာ ဈေးပိုနေတာကို တွေ့ရပါတယ်။ ယခုနှစ်မှာ တော့  မတ်ပဲသီးနှံရော  ပဲစင်းငုံသီးနှံပါ  ဈေးနှုန်းများလျော့ နည်းကျဆင်းလာပြီး  မတ်ပဲထက်  ပဲစင်းငုံသီးနှံက တစ်တင်း ကျပ်တစ်သောင်းကျော်  ခန့်အထိ  ဈေးလျော့နေတဲ့အတွက်
ဈေးလည်းအေး  အရောင်းအဝယ်လည်း  အေးနေခဲ့ကြောင်း သိရပါတယ်။ကုလားပဲသီးနှံမှာ  ပဲအဝင်နည်းသွားပြီး ပန်းတောင်း၊ မင်းတုန်း၊ ကံမမြို့နယ်များမှ အိတ် ၁၅၀ မှ ၃၀ဝခန့်သာ အဝင် ရှိပေမယ့်  ပဲခွဲစက်သမားများနေ့တိုင်း  အဝယ်ရှိတာကြောင့် အိတ် ၂၅၀  မှ ၃၀ဝ နီးပါး  အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
ပဲဈေးမှာ တစ်တင်း ကျပ် လေးထောင်ကျော်ခန့် လလယ်က ဖြစ်ပေါ်ခဲ့သော ဈေးထက်  ဈေးလျော့နည်းခဲ့လို့ တစ်တင်း ၃၇၅၀ဝ ကျပ်ခန့်သာရရှိခဲ့ပါတယ်။ ပဲကြီးသီးနှံဈေးမှာ အခြား ပဲများ ဈေးလျော့နည်းကျဆငး်နေပေမယ့် သိသိသာသာ ကျ ဆင်းခြင်းမျိုးမတွေ့ရဘဲ တစ်တင်း ၅၀ဝ ကျပ်ခန့်လောက်သာ
လျော့နည်းခဲ့ပါတယ်။ ဒါကြောင့် ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂၇၅၀ဝ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၅၀ဝ၀ ကျပ်ဖြင့် ပဲလှော် ဖို လုပ်ငန်းသမားများမှ နေ့စဉ်ဝယ်ယူလို့ ပုံမှန် အိတ် ၁၀ဝ ကျော် အရောင်းအဝယ်ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General