ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်ပိုမိုတင်ပို့

သြဂုတ် ၁၃ ရက်မှ ၁၉ ရက်အထိ  ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ  ကုန်သွယ်ရေးစခန်းများမှ အမေရိ
ကန်ဒေါ်လာ ၄ ဒသမ ၄၈၅ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၂၂၅၅ တန်ကို တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ ယခင်တစ်ပတ် တင်ပို့မှုထက် လျော့ကျခဲ့ပြီး လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ပိုမို တင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ် မှာ ငစိန်ဆန် ၂၆၅၉ တန်၊ ဧည့်မထဆန် တန် ၁၂၅၀ တင်ပို့ ခဲ့ရာ  ယခင်တစ်ပတ်ထက် ၂၃၂၅တန် လျော့နည်းခဲ့ ပါတယ်။
အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှလည်း ငစိန်ဆန် ၁၈၇ တန်တင်ပို့ခဲ့ရာ ယခင်တစ်ပတ်ထက် ၂၄ တန်
လျော့နည်းခဲ့ပါတယ်။ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၈၁၅၉ တန်ကျော်တင်ပို့ပြီး ယခင်တစ်ပတ်ထက် ၁၁၃၆ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှုမှာလည်း မူဆယ်ကုန် သွယ်ရေးဇုန်မှ လျော့နည်းခဲ့ပါတယ်။ မူဆယ်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၄၉ သန်း တန်ဖိုးရှိ  ဆန်ကွဲ ၇၆၆ တန် ကျော်တင်ပို့ပြီး ယခင်တစ်ပတ်ထက် ၁၂၅၂ တန် လျော့နည်းခဲ့ ပါတယ်။ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ
သုညဒသမ ၁၉၈ သန်းတန်ဖိုးရှိ ဆန်ကွဲ ၆၀၈ တန် ကျော်တင် ပို့ပြီး  ယခင်တစ်ပတ်ထက် ၈၉တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ ချင်း ရွှေဟော် ကုန်သွယ်ရေးစခန်းမှ ယခုတစ်ပတ်မှာ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၁၆ သန်းတန်ဖိုးရှိ ဆန်ကွဲ တန် ၅၀ တင်ပို့ပြီး ယခင်ရက်သတ္တပတ်များကတော့  ဆန်ကွဲတင်ပို့မှု မရှိခဲ့ပါဘူး။
ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ သြဂုတ် ၁၄ ရက်မှ ၂၀ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည
ဒသမ ၅၈၆ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၄၅၄ တန် တင်ပို့ ခဲ့ရာ တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန် ၂၅၀၊ စင်ကာပူနိုင်ငံ သို့ ဧည့်မထဆန် တန် ၁၀ဝ၊ ပါပူအာနယူးဂီနီနိုင်ငံသို့ ပေါင်း ဆန် တန် ၂၀ဝ ၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် တန် ၁၅၀ နဲ့ ဧည့်မထဆန် ၇၅၄ တန်  တင်ပို့ခဲ့ပါတယ်။  ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၂၅၁ တန်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ယခုတစ်ပတ် အမေရိကန်ဒေါ်လာ သုညဒသမ ၉၅၅  သန်း  တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၅၀ဝ တင်ပို့ ခဲ့ပါတယ်။ စင်ကာပူနိုင်ငံသို့ တန် ၅၀ဝ နဲ့ အီးယူနိုင်ငံများသို့  တန် ၃၀ဝ၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်  တင်ပို့မှုထက် တန် ၂၀ဝ၀ ကျော် လျော့နည်း ခဲ့ပါတယ်။ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၉ ရက်အထိ ဆန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၁၂ ဒသမ ၈၀၃ သန်းနဲ့ တန်ချိန် ၃၁၅၂၀၉ ကျော်ရှိပြီး ယခင်နှစ် ကာလတူ ထက် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၃၃၄ သန်းတန်ဖိုးရှိ ဆန်တန် ချိန် ၁၄၅၁၇၀ ကျော် လျော့နည်းခဲ့ပါတယ်။ အလား တူ အမေ ရိကန်ဒေါ်လာ ၃၂ ဒသမ ၈၁၆ သန်း တန်ဖိုးရှိ  ဆန်ကွဲတန်ချိန် ၁၁၂၀၇၁ ကျော်တင်ပို့ခဲ့ပြီး  ကာလတူထက်   အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၅၇၃သန်း တန်ဖိုးရှိ  ဆန်ကွဲတန်ချိန်၁၀၃၂၇၇ကျော်လျော့နည်းခဲ့ကြောင်းသိရှိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General