မူဆယ်မှ ပြောင်းတန်ချိန် တစ်သောင်းခွဲနီးပါးတင်ပို့

မန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊လွယ်ဂျယ်၊ ချင်းရွှေ ဟော်နဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၈၂ သန်း  တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၇၀၄၉ တန်ကျော် တင် ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့တာကတော့ မူဆယ်မှ  ၁၄၅၆၇ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၁၈၃ တန်၊ လွယ်ဂျယ် မှ ၅၂၄ တန်နဲ့ ကန်ပိုက်တီးမှ ၇၇၅ တန်ဖြစ်ပါတယ်။ ယခင် သီတင်းပတ်က အဆိုပါစခန်း လေးခုမှတင်ပို့တဲ့ ပြောင်းတန်ချိန် ၁၄၂၃၃ တန်ခွဲရှိလို့ ယခုတစ်ပတ်ပြောင်း ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။
သယ်ယူစရိတ်မှာ ယခုတစ်ပတ်တွင် တစ်ပိဿာ ၅၂-၅၅  ကျပ်ရှိပြီး ကား ဝင်ရောက်မှုအနေဖြင့် ၅၃၉ စီးဝင်ရောက်ခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်တွင် ပြောင်း တစ်တန်ကို မိမိဘက်ဈေးမှာ သြဂုတ် ၅ ရက်က ၂၇၁၈၄၅ ကျပ်ရှိခဲ့ပြီး သြဂုတ် ၁၂ ရက်မှာတော့ ၂၇၃၅၃၅ ကျပ်သို့ ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။
    မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General