-ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေးဆက်လက်ကျပြီး ကုလားပဲဖြူလုံးကြီးလည်း ဈေးကျ
                                                    
                
	ဒီတစ်ပတ်ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေး  ဆက်လက်ကျ ဆင်းခဲ့ပြီး ကုလားပဲဖြူလုံးကြီးလည်း ဈေးကျခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံနီအနေနဲ့ ယခုတစ်ပတ်မှာ တစ်ပိဿာကို ၁၇၃၀ ကျပ်(တစ်တန်ကို ၁၀၅၉၄၃၄ ကျပ်)နဲ့  ဈေးဖွင့်ခဲ့ပြီး တစ်နေ့ကိုအိတ် ၅၀ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ကုလားပဲ ဖြူလုံးကြီးနဲ့ ကုလားပဲဟော်လန်ကလည်း ယခုတစ်ပတ်မှာ ဈေး ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က တစ်ပိဿာ ၂၁၈၅ ကျပ်ရှိခဲ့တဲ့ ကုလားပဲ ဖြူလုံးကြီးက ယခုတစ်ပတ်မှာ တစ်ပိဿာ ၂၀၈၀ ကျပ် (တစ်တန်ကို ၁၂၇၃၇၇၁ ကျပ်)နဲ့ ဈေးဖွင့်ခဲ့တာမို့ ဈေးနှုန်းကျ ဆင်းခဲ့ပြီး တစ် ရက်ကို အိတ် ၁၀ဝခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တစ်ပိဿာ ၂၀၈၀ ကျပ် ဖြစ်ခဲ့တဲ့ ကုလားပဲဟော်လန်ဟာ ယခုတစ်ပတ်မှာ တစ်ပိဿာ ၂၀၂၅ ကျပ် (တစ်တန်ကို ၁၂၄၀ဝ၈၉ ကျပ်)နဲ့ ဈေးနိမ့်အဝယ်ဖွင့်ခဲ့ပြီး တစ်နေ့ကို အိတ် ၅၀ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General