-MSEC မှ မြန်မာနိုင်ငံသားများဘဏ်လီမိတက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံသားများဘဏ်  လီမိ တက်အနေဖြင့် Yangon Stock Exchangeတွင်   စာရင်းဝင်နိုင်ရန် အတွက်     အစုရှယ်ယာရှင်များအား ရင်းနှီးမြှုပ်နှံမှုများ       ပြုလုပ်နိုင်ရန် ဆွေးနွေးပွဲကို   သြဂုတ်  ၂၀ ရက်က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ    အခမ်းအနားတွင် မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးမြင့်ဝင်း က ရှယ်ယာအရောင်းအဝယ်ပြုလုပ်သူ များအနေဖြင့်   မြန်မာနိုင်ငံသားများ ဘဏ်၏    လုပ်ငန်းဆောင်တာများ အကြောင်းကို သေသေချာချာ   စိစစ် လေ့လာပြီးမှ ရင်းနှီးမြှုပ်နှံသင့်ပါကြောင်း၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက  (က)အစုနှင့် ပြည်သူ များက (ခ)အစုဟူ၍ ဘဏ်လုပ်ငန်းများ အား လုပ်ငန်းအဆင့်ဆင့် တိုးတက်ပြောင်း လဲ လုပ်ဆောင်ခဲ့ပါကြောင်း၊ ထိုအချိန် တွင် ဝန်ကြီးဌာနဘက်မှ ဌာနဆိုင်ရာ အရာရှိများ အပါအဝင် ဒါရိုက်တာ ၁၀ ဦး၊ ပြင်ပအစုရှယ်ယာဝင်များက ဒါရိုက် တာ ငါးဦး   စုစုပေါင်း ဒါရိုက်တာ ၁၅ ဦးဖြင့်  ဖွဲ့စည်းခဲ့ပါကြောင်း၊  သို့သောYSX တွင်Listed ပြုလုပ်ရန် အတွက် ကိုမူ သတ်မှတ်ချက်များအတိုင်း ဖြစ်စေ ရန် အတွက် အားလုံးပြောင်းလဲခဲ့ရပါ ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့ငွေချေးသက် သေခံ လက်မှတ်လဲလှယ်ရောင်းဝယ်ရေး  ကုမ္ပဏီလီမိတက် (MSEC) မှ  အမှု ဆောင်ဒါရိုက်တာ ဒေါ်ရင်မြတ်မင်းက စာရင်းဝင်မည့်  ကုမ္ပဏီများအနေဖြင့်YSX တွင် ရှယ်ယာများ  ရောင်းချနိုင် ရေးအတွက်   ထည့်သွင်းဖော်ပြရမည့် အခြေခံ   အချက်အလက်များကို ရှင်း လင်းပြောကြားခဲ့သည်။
ထို့ပြင်MSEC မှ လက်ထောက် မန်နေဂျာ    ဦးသောင်းထိုက်မင်းက -MSEC တွင် ဆောင်ရွက်ပေးလျက်ရှိ သည့်   ဝန်ဆောင်မှုများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာ နိုင်ငံသားများဘဏ်နှင့်  MSEC တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသားများ ဘဏ်မှ   အစုရှယ်ယာရှင်များ   တက် ရောက်ခဲ့ကြကြောင်း သိရသည်။ခင်မိုးသူ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General