ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်းစိုပုံမှန်တင်ပို့

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းနဲ့ စစ်တွေ ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၆၉၆၀ဝ တန်ဖိုးရှိ ချင်းစိုတန် ၁၆၀ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့တာကတော့ မောင်တောမှ တန် ၁၃၀ နဲ့ စစ်တွေမှ တန် ၃၀ ဖြစ်ပါတယ်။ ချင်းစို တစ်တန်ကို မိမိ ဘက်ပေါက် ဈေးကတော့ ငွေလဲနှုန်းအရ ၈၉၉၈၈၅ ကျပ်ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က  မောင်တောမှ ၁၅၃ တန်နဲ့  စစ်တွေမှ ၂၁ တန်တင်ပို့ ခဲ့လို့  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်းပုံမှန်တင်ပို့လျက်ရှိကြောင်း သတင်းရရှိပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General