မူဆယ်၊ မြဝတီနဲ့ တာချီလိတ် ကုန်သွယ်ရေးဇုန်နဲ့ကုန်သွယ်ရေးစခန်းများမှကြက်သွန်နီ တင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၂၉၁၅၀ဝ တန်ဖိုးရှိ ကြက် သွန်နီတန်ချိန် ၁၁၀ဝ ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၂၅၆၇၉ တန်ဖိုးရှိ ကြက်သွန်နီ ၃၅၅ တန်ခွဲနဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၆၅၀ဝ တန်ဖိုးရှိ ကြက်သွန်နီတန် ၁၀ဝ ကို လည်းကောင်း အသီးသီး တင်ပို့ခဲ့ပါတယ်။
ယခင်ရက်သတ္တပတ်က မူဆယ်မှ တန် ၅၅၀၊ မြဝတီမှ  ၅၂၂ တန် ကျော်နဲ့ တာချီလိတ်မှ တန်၂၀ဝ တင်ပို့ခဲ့လို့ ယခု တစ်ပတ်ကြက်သွန်နီတင် ပို့မှုမှာ မူဆယ်မှ ပိုမိုခဲ့ပြီး မြဝတီနဲ့ တာချီလိတ်မှ တင်ပို့မှု အနည်းငယ်လျော့ နည်းသွားခဲ့တာ တွေ့ရပါတယ်။ မူဆယ်(၁၀၅) မိုင်မှာကြက်သွန်နီ တစ်တန် ကို လိုင်စင် ဈေးက (ငွေလဲနှုန်းအရ) ( ၂၆၀-၂၆၅ ) ဒေါ်လာရှိပြီး မြဝတီ မှာ ၃၅၃ ဒေါ်လာခန့် ရှိတယ်လို့ သိရပါတယ်။               မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General