ရှမ်းချင်း အဝင်လျော့၊ အရောင်းအဝယ်ပါ ပုံမှန်ဖြစ်နေ

ဒီတစ်ပတ်တော့ ဟိုပုံးဈေးကွက်မှာ ချင်း(ဥမ)က ပုံမှန် အဝင်ရှိနေသလို ပုံမှန် လည်း အရောင်းအဝယ် ဖြစ်နေပါတယ်။ ဈေးကွက်မှာတော့ ဝယ်လက်တွေက ဝယ် သူစိတ်ကြိုက် ချင်းအကြီး^အသေး၊ အခက်ကြီး^လှတွေပေါ် မူတည်ပြီး အရောင်း အဝယ် ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြည်ပ ဝယ်လက်သိပ်မရှိဘဲ ပြည်တွင်း ဝယ်လက်တွေသာ ရှိတယ်လို့လည်း ဈေးကွက်က သိရပါတယ်။ မိုးကလည်း မပြတ် ရွာနေတာကြောင့် သိပ်ပြီး မဝယ်ဖြစ်တော့တာလည်း သိရပါတယ်။  ဟိုပုံးချင်းတွေ ကတော့ အခက်ပေါ်မူတည်ပြီး အခက်ကြီးရင် တစ်ပိဿာ ၃၀ဝကျပ် ဈေးပေါက်နေ ပြီးတော့ အခက်ငယ်ရင်တော့  ၂၅၀ကျပ်မှ ၂၆၀ကျပ် ဈေးရှိတယ် လို့ သိရ ပါတယ်။ ပြည်တွင်း ဈေးပတ်သမားတွေ ဝယ်ယူမှုကြောင့် တစ်ပတ်အတွင်းမှာ ချင်းပိဿာ ချိန် ၃၀ ပေါင်း သုံးသောင်းခွဲ၊ လေးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ တစ်ပိဿာ ပေါက်ဈေးကတော့ ၁၈၅၀ကျပ် ဈေးရှိပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ ချင်းမှာ ပေါ်စကတည်းကယခုထိ ဈေးကောင်း မရသေးဘူးလို့ သိရပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ဖြစ်နေတယ်ဆိုပေမယ့် တောင်ပြုန်းပွဲတော်ကြောင့် ဝယ်လက်တွေဖြစ်တဲ့ ဈေးပတ်သမားတွေလည်း အဝယ် နည်းလာလို့ တစ်ပတ်အတွင်းမှာ ချင်းပိဿာချိန်ပေါင်း  တစ်သောင်းခွဲ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းကတော့ တစ်ပိဿာကို ၂၅၀ ကျပ်မှ ၃၀ဝကျပ် ဈေးရှိပြီး ချင်းခြောက်ကတော့ အနိမ့်ဆုံး ၁၀ဝ၀  ကျပ်မှ အမြင့်ဆုံး ၁၇၀ဝ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။
            ဧခိုင်(တောင်ကြီး)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General