မုံရွာငုံနီဈေးကွက် တစ်ပတ်အတွင်း တစ်တင်းကျပ် ၈၀ဝ၀ကျော် ကျဆင်း

ဒီနှစ်   ငုံနီပဲအသစ် မပေါ်ခင်ကတည်းက ဈေးကွက်စန်းထခဲ့တဲ့ ပဲစင်းငုံနီမှာ ပဲပေါ်ချိန်မှာလည်း တစ်တင်း ကျပ် ၅၀ဝ၀ဝ ဝန်းကျင်နဲ့ ဈေးဖွင့်နိုင်ခဲ့ပြီး အမြင့်ဆုံးဈေးမှာ သုံးလေးလလောက် မာခဲ့ပေမယ့် အိန္ဒိယဝယ်လက်ရဲ့ ဈေးကွက်လိုအပ်ချက်အရ တစ်စထက်တစ်စ ဈေးကျဆင်းလာခဲ့ရာ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်မှာ တစ်တင်း ၃၃၅၀ဝ ကျပ်အထိ  အနိမ့်ဆုံး ထိုးဆင်း သွားခဲ့တာ တွေ့ရပါတယ်။ ဒီဈေးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က အမြင့်ဆုံးပေါက်ခဲ့တဲ့ တစ်တင်း ၄၁၇၀ဝကျပ်နဲ့ ယှဉ်ရင် တစ်တင်း ၈၂၀ဝကျပ်တိတိ ဈေးကျသွားတာ ဖြစ်ပါတယ်။
အခုလို ငုံနီပေါက်ဈေး အဆင်းကြမ်းခဲ့ပေမယ့် ရောင်းလိုသူ၊ ဝယ်လိုသူတွေများပြီး  ထူးဆန်းစွာနဲ့ တစ်တင်း ၃၃၅၀ဝ ကျပ်ဈေးနဲ့ တစ်ရက်ထဲ အိတ် ၂၀ဝ၀ခန့် အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်အသိုင်းအဝိုင်းက သိရှိရပါတယ်။
                    ထွန်းလှိုင် (မုံရွာ)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General