ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေးဆက်လက်ကျပြီး၊ ကုလားပဲဖြူလုံးကြီးဈေးတက်
                                                    
                တစ်ပတ်ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်လက်ကျ ဆင်းခဲ့ပြီး ကုလားပဲဖြူလုံးကြီးဈေးတက်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်ကတစ်ပိဿာကျပ် ၂၀၇၀ ရှိခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ် ပတ်မှာ ဈေးဆက်လက်ကျဆင်းခဲ့ပြီး တစ်ပိဿာ ၂၀ဝ၅ ကျပ် (တစ် တန်ကို ၁၂၂၇၈၄၁ ကျပ်) နဲ့ ဈေးဖွင့်ခဲ့ပြီး တစ်နေ့ကို အိတ် ၁၀ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ကုလားပဲဖြူ လုံးကြီးကတော့ ယခင်တစ်ပတ်မှာ တစ်ပိဿာ ၂၁၆၀ ကျပ်ရှိခဲ့ပေမယ့် ယခုတစ်ပတ်မှာ တစ်ပိဿာ၂ ၁၈၅ ကျပ်(တစ်တန်ကို၁၃၃၈၀၇၂ကျပ်) ဖြစ်ခဲ့တာကြောင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ကြောင်းသိရပါတယ်။ ကုလားပဲဖြူလုံးကြီးတစ်နေ့ကို အိတ်၅၀ခန့် အေ ရာင်းအဝယ် ဖြစ်ခဲ့ကြောင်းလည်း သိရပြီး ကုလား ပဲဟော်လန်က ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း တစ်ပိဿာကျပ် ၂၀၈၀ (တစ်တန် ကို ၁၂၇၃၇၇၁ ကျပ်) နဲ့ ဈေး ဖွင့်ခဲ့ကြောင်း သိရပါတယ်။
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General