ရှမ်းချင်းများ ဟိုပုံးတွင် အဝင်နည်းပြီး အောင်ပန်းဈေးကွက်မှာ အဝင်ပုံမှန်ရှိ

ဒီတစ်ပတ်မှာ ရှမ်းချင်း(ဥမ)က ဈေးကွက်မှာ အဝင်နည်းလာပါတယ်။ မိုးအဆက်အပြတ် ရွာနေတာရယ်၊ ဈေးကလည်း ထင်သလောက် မကိုက်တာ ရယ်ကြောင့် တောင်သူတွေက ချင်းတွေ မဖော်ကြတော့ဘူးလို့ သိရပါ တယ်။ ဖော်ပြန်တဲ့အခါမှာလည်း လုပ်အားခက ဈေးမြင့်နေပြီး ချင်းဈေးက လည်း ဈေးသိပ်မရတဲ့အတွက် မဖော်တော့ဘဲ မြေကြီးထဲမှာ ထားတော့တယ် လို့ ဟိုပုံး ချင်းဈေးကွက်ကသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်းအဝင်က တစ်ပတ်ကို  ပိဿာချိန်  ရာဂဏန်းခန့်သာ အဝင် ရှိတော့တယ်လို့လည်း သိရပါတယ်။အခုဝင်နေတဲ့ ချင်း(ဥမ)တွေကို တော့ တောင်ကုတ်ဝယ်လက်တွေက ဝယ်ယူနေလို့ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ပိဿာချိန် သုံးသောင်းခွဲ/လေးသောင်းခန့် အဝယ်
ရှိခဲ့တယ်လို့ သိရပါ တယ်။ ဈေး နှုန်းက တစ်ပိဿာ ၂၄၀ ကျပ် ဈေးရှိပါတယ်။  ချင်းခြောက်လက်ကျန်လည်း  နည်းနေပါပြီ။ အဝယ်ကလည်း ခပ်အေးအေးသာ ဖြစ်တယ်လို့လည်း သိရပါ တယ်။ ချင်း(ဥမ)က အခြောက်အဖြစ် ပြုလုပ်လို့မရလို့ ချင်းတက် ပေါ်ချိန်မှဈေးနှုန်းနဲ့အထွက်နှုန်းကိုကြည့်ပြီး အခြောက်ပြုလုပ်ကြရမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။
အောင်ပန်း ဈေး ကွက်မှာတော့ ချင်း(ဥမ)က ပုံမှန် အဝင်ရှိနေတယ်လို့ သိရပါတယ်။  ပြည်ပတင်ပို့ဖို့အတွက် စစ်တွေ၊ ပြည်ကဝယ်သလို၊ ဈေးပတ်သမားတွေဖြစ်တဲ့တပ်ကုန်း၊ မုံရွာ စတဲ့မြို့တွေက အဝယ်ရှိနေတာကြောင့်  တစ်ပတ်အတွင်း ချင်းပိဿာချိန်ပေါင်း တစ်သိန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့လည်း  သိရပါတယ်။ချင်း(ဥမ)  က တစ်ပိဿာကို ၂၅၀ ကျပ် ဈေးရှိပြီး၊ ချင်းခြောက် တစ်ပိဿာ ၁၃၀ဝကျပ် မှ ၁၅၀ဝ ကျပ် ဈေးရှိပါတယ်။                                         ဧခိုင် (တောင်ကြီး)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General